/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အာလူး၊-ကျန်းမာရေးနဲ့-အလှအပ

အာလူး၊ ကျန်းမာရေးနဲ့ အလှအပ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အာလူးအမျိုးအစားတွေ အများကြီးရှိပြီး သူ့မှာ ဗီတာမင်တွေ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စရပ်စ်စတဲ့ သတ္တုဓာတ်တွေ၊ အင်တီအောက်စီဒန့်တွေနဲ့ အမျှင်တွေ အများကြီးပါပြီး ကယ်လိုရီနည်းတဲ့အတွက် အရမ်းကောင်းတဲ့ အစားအစာတစ်ခုပါပဲနော်။

          အာလူးဟာ ကျန်းမာရေးအတွက် ဘယ်လိုတွေကောင်းလဲ ပြောပြမယ်နော်။

♦        သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်။

          အာလူးမှာပါတဲ့ Kukoamine-A ဓာတ်ပေါင်းဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တယ်။ အာလူးအရွက်ကိုလည်း သွေးတိုးကျဆေးအနေနဲ့ ပေးလို့ရတယ်။

 

♦        ဆဲလ်လုပ်ငန်းဆောင်တာတွေကို ကောင်းစေတယ်။

          သူ့မှာပါတဲ့ ဗီတာမင်ဘီစစ်ဟာ ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေမှာ အရေးပါပြီး အထူးသဖြင့် အာရုံကြောတွေ၊ ဦးနှောက်ဆဲလ်တွေအတွက် အရမ်းလိုအပ်တယ်။

 

♦        နှလုံးကို ကျန်းမာစေတယ်။

ဗီတာမင် B6 ဟာ နောက်ထပ် နှလုံးအတွက်လည်း အရေးပါသေးတယ်နော်။ ဗီတာမင် B6 ရှိမှ နှလုံးကို ဒုက္ခပေးနိုင်တဲ့ ဟိုမိုစစ်စတင်း (Homocysteine) ဆိုတဲ့ ဓာတ်ပေါင်းကို လျော့နည်းစေနိုင်မှာပါ။

 

♦        ကိုယ်အလေးချိန် ကျစေတယ်။

          အမျှင်ဓာတ်များပြီး ကယ်လိုရီနည်းတယ်။ ပရိုတင်း၊ အာဟာရဓာတ်၊ သတ္တုဓာတ်တွေ အများကြီးပါလို့ ကျန်းမာစေတယ်။

 

♦        Scurvy အရေပြားရောဂါကို ကာကွယ်ပေးတယ်။

          ဗီတာမင်စီ ချို့တဲ့တဲ့သူတွေမှာ ဒီရောဂါကို တွေ့ရတတ်တယ်။ အာလူးဟာ ဒီရောဂါအတွက် အကောင်းဆုံးပါပဲ။

 

♦        မှတ်ဉာဏ်ကို ကောင်းစေတယ်။

          ဘယ်အသက်အရွယ်မဆို မှတ်ဉာဏ်ကောင်းမှ နေ့စဉ်လုပ်ငန်းတွေကိုရော၊ လေ့လာသင်ယူစရာတွေကိုပါ မှတ်သားနိုင်မှာပါ။ ဒီ့အတွက်တော့ အာလူးက အကောင်းဆုံးပဲနော်။

 

♦        ဆီးကျောက်ကို ကာကွယ်ပေးတယ်။

          ခန္ဓာကိုယ်မှာ အရည်ဓာတ်တွေ ခမ်းခြောက်လာရင် အနည်အနှစ်တွေ ပုံလာပြီး ဆီးကျောက် ဖြစ်လာနိုင်တယ်။ ဒီလိုမဖြစ်အောင် အာလူးက ကာကွယ်ပေးနိုင်တယ်နော်။

 

          အာလူးဟာ အလှအပအတွက်လည်း အရမ်းကောင်းတယ်နော်။

♦        အသားအရေကို လှပစေတယ်။

          အသားအရေကို နုးညံ့ပြီး တောက်ပြောင်စေတဲ့အပြင် ဘက်တီးရီးယား သေစေနိုင်တဲ့အစွမ်းလည်း ရှိတယ်။

          ဒါကြောင့် -

●        ဝက်ခြံတွေ၊ အနီစက်တွေအတွက် အာလူးကပ်ပေးပါ။

●        အသားအရေ ကြည်လင်တောက်ပစေဖို့ အာလူးနဲ့ သံပရာရည် ရောလိမ်းပေးပါ။

 

♦        ဆံကေသာအတွက်လည်း ကောင်းတယ်။

          အာလူးဟာ ဆံပင်ကျွတ်တာ၊ ဗောက်ထတာတွေကို ကာကွယ်ပေးပြီး ဆံပင်ကြီးထွားဖို့နဲ့ ဆံပင်ပါးသူတွေအတွက် အထူးကောင်းတယ်နော်။

 

♦        အသားအရေကို ဖြူစင်စေတယ်။

          အရေပြားမှာ အမည်းစက်တွေရှိလို့ စိတ်ညစ်နေရင် မပူပါနဲ့။ အာလူးအစိမ်းကို ကပ်ပေးရင် အမည်းစက်တွေ ပျောက်စေပြီး ပိုဖြူစင်ဝင်းပစေနိုင်တယ်။

 

♦        ဆံပင်အဖြူတွေကို အရောင်ဆိုးပေးတယ်။

          ဆံပင်တွေ ဖြူလာလု့ိ စိတ်ညစ်နေပါသလား? အာလူးအခွံကိုသာ သုံးလိုက်ပါ။ အာလူးအခွံကို ပြုတ်ပြီးတော့ ပြုတ်ရည်ကို ခေါင်းလျှော်ပြီးချိန် လောင်းချကြည့်လိုက်ပါနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)