/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အာဟာရဓာတ်ချို့တဲ့မှု-၃-မျိုးကြောင့်-အားအင်တွေကို-ယုတ်လျော့စေပါတယ်

အာဟာရဓာတ်ချို့တဲ့မှု ၃ မျိုးကြောင့် အားအင်တွေကို ယုတ်လျော့စေပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်ပေါင်းမြောက်မြားစွာဟာ အားအင်တွေထုတ်လုပ်နိုင်ဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပေါ်မှာ မှီခိုနေရပါတယ်။ ဒါ့ကြောင့် အာဟာရဓာတ်ချို့တဲ့ရင် အားအင်တွေ ယုတ်လျော့စေတယ် ဆိုတာကတော့ အံ့သြစရာမရှိပါဘူး။ ဒါပေမဲ့လည်း အများစုက ပင်ပန်းနွမ်းနယ်ပြီးတော့ အားအင်ကုန်ခမ်းနေတဲ့ လက္ခဏာတွေကို ဗီတာမင်နဲ့သတ္တုဓာတ်တွေ ချို့တဲ့နေတာလို့ အသိအမှတ် မပြုကြတာကတော့ အံ့သြစရာပါ။
    ဒီတော့ ပင်ပန်းနွမ်းနယ်၊ အားအင်တွေဆုတ်ယုတ်တာတွေနဲ့ဆိုင်တဲ့ အရေးကြီးဆုံးသော အာဟာရဓာတ် ၃ မျိုးကို အနီးကပ် လေ့လာကြည့်ကြပါစို့။
1.    ဗီတာမင် B အုပ်စု
    စားလိုက်တဲ့ အစားအစာတွေကနေပြီးတော့ စွမ်းအင်တွေအဖြစ်ကို ပြောင်းလဲဖို့အတွက် ဗီတာမင် B အုပ်စုဝင်တွေကို မရှိမဖြစ် လိုအပ်ပါတယ်။ ဗီတာမင် B အမျိုးအစားတွေကတော့ B1, B2, B3, B5, B6, B12, ဖောလစ်အက်ဆစ်နဲ့ biotin တို့ ပါပါတယ်။ ဗီတာမင် B လိုအပ်ချက် များလာလို့ပဲဖြစ်ဖြစ်၊ လုံလုံလောက်လောက် မစားလို့ပဲဖြစ်ဖြစ် ဗီတာမင် B ချို့တဲ့ပြီဆိုရင် အားအင်ထုတ်လုပ်နိုင်စွမ်းကို လျော့ကျစေပါတယ်။ ဒီဗီတာမင် B တွေထဲက တစ်မျိုးမျိုးမရှိရင်တောင်မှ စွမ်းအင်ထုတ်တဲ့လုပ်ငန်းက ကျဆင်းသွားပါတယ်။ အထူးသဖြင့် ဗီတာမင် B12 ချို့တဲ့ရင် ပင်ပန်းနွမ်းနယ်စေပြီးတော့ အသက်ကြီးလာတဲ့သူတွေရဲ့ 10-15% လောက်မှာ B12 ချို့တဲ့မှုရှိပါတယ်။ ဗီတာမင် B တွေက မှတ်ဉာဏ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ပြီးတော့ လေဖြတ်တာကိုတောင်မှ ကာကွယ်ပေးနိုင်ပါတယ်။

2.    မက်ဂနီဆီယမ်
    မက်ဂနီဆီယမ်ကတော့ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့သတ္တုဓာတ်ဖြစ်ပြီးတော့ ဒါက ဇီဝကမ္မဖြစ်စဉ် 300 ကျော်မှာ ပါဝင်ပါတယ်။ မက်ဂနီဆီယမ်ချို့တဲ့ရင် စွမ်းအင်ထုတ်တဲ့ဖြစ်စဉ်ကို ပျက်စေပါတယ်။ ပြီးတော့ နာတာရှည်ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒီလိုမျိုး နာတာရှည် ပင်ပန်းနွမ်းနယ်နေတဲ့လူတွေမှာ မက်ဂနီဆီယမ် ပြန်လည်ဖြည့်တင်းပေးလိုက်တာနဲ့ သက်သာလာတာကို တွေ့ရပါတယ်။

3.    အင်တီအောက်ဆီးဒင့်များ
    အင်တီအောက်ဆီးဒင့်ဆိုတာကတော့ အောက်ဆီဂျင်တွေကို အခြားဓာတ်ပေါင်းတွေနဲ့ ပေါင်းစပ်မသွားအောင် ကာကွယ်ပေးခြင်းအားဖြင့် free radicals လို့ခေါ်တဲ့ အန္တရာယ်ရှိတဲ့အရာတွေကို ခြေဖျက်ပေးပါတယ်။  ဥပမာအနေနဲ့ - ဗီတာမင် C, E, selenium, coenzyme Q10 တွေက အင်တီအောက်ဆီးဒင့်တွေပါ။ ဗီတာမင် B လိုပဲ ဒါတွေကလည်း စွမ်းအင်ထုတ်တဲ့လုပ်ငန်းမှာ ပါပါတယ်။ ဒါတွေ ပျက်စီးသွားရင် စွမ်းအင်ထုတ်တဲ့ဖြစ်စဉ်လည်း ပျက်စီးစေပြီး ပင်ပန်းနွမ်းနယ်စေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)