/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အိပ်ရေး၀၀ အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါလှပါတယ်။ အချို့သောသူတွေအနေနှင့် အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေ ရှိနေတဲ့အတွက် ညဘက် ကောင်းကောင်းအိပ်မရတာမျိုး ရှိတတ်ပါတယ်။ ဒါဆိုရင် ညအိပ်မပျော်တဲ့သူများအတွက် အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေနှင့် နောက်ဆက်တွဲ ဆိုးကျိုးတွေအကြောင်းကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Revicon 1

>>  အိပ်စက်ခြင်းဆိုင်ရာပြဿနာများကို ဖြစ်စေတဲ့အကြောင်းရင်းများ

(၁)  ညဘက် အလုပ်ဆင်းရခြင်း
ညဂျူတီဆင်းရသူများအနေနှင့် အိပ်ချိန်မလုံလောက်တဲ့ပြဿနာနှင့် ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီလို ညဘက် အလုပ်လုပ်ရသူတွေအနေနှင့် အောက်ပါအချက်တွေကို လိုက်နာခြင်းဖြင့် အိပ်ရေးဝစေနိုင်ပါတယ်။
●  ဖြစ်နိုင်လျှင် အလုပ်မလုပ်ခင် ကြိုအိပ်ထားပါ။
●  အိပ်ခါနီးမှာ ကော်ဖီ၊ အရက်နှင့် အစာ တဝတပြဲစားတာမျိုး ရှောင်ပါ။
●  ဖုန်းများကို ပိတ်အိပ်ပါ။
●  ငြိမ်သက်တိတ်ဆိတ်သောအခန်းတွင် အိပ်ပါ။
●  အလုပ်ချိန်ပြင်ပတွင် ပုံမှန်အိပ်ချိန်ကို သတ်မှတ်ထားပါ။

(၂)  အိပ်နေစဉ် ခဏတာ အသက်ရှူရပ်ခြင်း
ဒီရောဂါရှိသူများဟာ ညဘက်ဟောက်ခြင်း၊ အိပ်နေစဉ် စက္ကန့်ပိုင်းလောက် အသက်ရှူရပ်ခြင်း၊ မိုးလင်းရင် လန်းဆန်းရမယ့်အစား အိပ်ရေးမဝခြင်း၊ ပင်ပန်းခြင်း စတဲ့ လက္ခဏာတွေ ရှိနေတတ်ပါတယ်။

Revicon 2

(၃)  အိပ်ရေးမဝခြင်း
ညဘက်အကြောင်းအမျိုးမျိုးကြောင့် အိပ်ရေးမဝသောအခါ နေ့ခင်းဘက်အိပ်ငိုက်ခြင်း၊ အာရုံစိုက်မရခြင်း၊ အလုပ်ကောင်းကောင်းမလုပ်နိုင်ခြင်း၊ အမှားအယွင်းများခြင်း၊ စိတ်ခံစားမှုမကောင်းခြင်း စတဲ့ အကျိုးဆက်တွေအပြင် လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုဖြစ်နှုန်းကိုလည်း မြင့်စေနိုင်ပါတယ်။

(၄)  အိပ်မပျော်ခြင်း
အိပ်မပျော်ခြင်းဆိုတာ ပုံမှန်ညဘက်တွင် မအိပ်ခြင်း၊ အိပ်ပျော်ဖို့ ခဲယဉ်းခြင်း၊ မနက်အစောကြီးနိုးနေခြင်း၊ အိပ်ပျော်ဖို့အရေး ပူပန်နေခြင်းစတဲ့ လက္ခဏာတွေရှိခြင်းကို ဆိုလိုပါတယ်။ အိပ်မပျော်စေတဲ့ အကြောင်းတွေကတော့ ဆေးဝါးများ သောက်သုံးနေခြင်း၊ ကော်ဖီနှင့် အရက်၊ နာတာရှည် နာကျင်ကိုက်ခဲခြင်း၊ စိတ်ဖိစီးခြင်းတို့ပဲ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)