အိပ်နေရင်းလမ်းလျှောက်နေသူကို လှုပ်နှိုးသင့်သလား
အိပ်နေရင်းယောင်ပြီးလမ်းထလျှောက်နေချိန်မှာ လမ်းထလျှောက်သူရဲ့အခြေခံကျတဲ့ ဦးနှောက်အစိတ်အပိုင်းဟာနိုးထနေပေမယ့် သတိရှိတဲ့ဦးနှောက်အစိတ်အပိုင်းက အိပ်စက်မြဲအိပ်စက်နေဆဲဖြစ်တာကြောင့် သင့်အနေနဲ့ယောင်ပြီးလမ်းထလျှောက်နေသူကို လှုပ်နှိုးခြင်း၊ အော်ဟစ်ခြင်းဖြင့် နိုးထအောင်ရုတ်တရက်လှုံ့ဆော်လိုက်မယ်ဆိုပါက ထိုသူအနေနဲ့ ခြိမ်းခြောက်ခြင်းခံရသလို ဒေါသတကြီးပြောဆိုခြင်းခံရသလို စိတ်မှာထင်ယောင်မိပြီး တုန်လှုပ်သွားတတ်ပါတယ်။ ဒါကြောင့် အိပ်နေရင်းလမ်းလျှောက်နေသူကို ထိတ်လန့်သွားစေမယ့်အပြုအမူမျိုးနဲ့ နိုးထစေခြင်းမပြုသင့်ဘဲ ထိုသူသွားတဲ့နေရာသို့ နံဘေးမှအထိန်းအကွပ်အနေဖြင့် အတူတူလိုက်သွားခြင်း၊ ညင်သာစွာစကားပြောဆိုခြင်း၊ အိပ်ရာသို့ပြန်သွားရန်ခေါ်ဆောင်ခြင်းတို့ကိုသာ လုပ်ဆောင်ပေးသင့်ပါတယ်။
CMS






























