/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိပ်ရာထထချင်း-ဝေေ၀ဝါးဝါး-ထိုင်းမှိုင်းနေတတ်သလား

အိပ်ရာထထချင်း ဝေေ၀ဝါးဝါး ထိုင်းမှိုင်းနေတတ်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အိပ်ရာက နိုးလာလာချင်း လန်းဆန်းမနေဘဲ ဝေဝါးနေတဲ့အခြေအနေကို ဆိုလိုပါတယ်။ လူက ပြည့်ပြည့်ဝဝမနိုးဘဲ အူကြောင်ကြောင်ဖြစ်နေပြီး အကြာကြီးနေမှ ပြန်လည်သတိဝင်လာတာ ဖြစ်ပါတယ်။

●        နှိုးစက်တွေ၊ အတင်းအကြပ် နှိုးတာတွေ မကြာခဏခံရသူတွေမှာ နိုးပြီးပြီးချင်း ထုံထိုင်းမှိုင်းနေတဲ့ အခြေအနေကို ကြုံရလေ့ရှိပါတယ်။

●        ဒီလိုအခြေအနေဟာ ငါးမိနစ်ကနေ ၁၅ မိနစ်အတွင်း ကြုံနိုင်သလို တချို့တွေလည်း ဒီထက်ကြာနိုင်ပါတယ်။

●        တစ်ပတ်ကို သုံးလေးခါထက် ပိုဖြစ်နေပြီဆိုရင်တော့ ဆရာဝန် ပြသဆွေးနွေးဖို့လိုပါပြီ။

●        အဲဒါဖြစ်တာ ကြာလာတဲ့အခါ လူက စိတ်မရှည်တော့ဘူး၊ ဒေါသထွက်မယ်၊ ပေါက်ကွဲမယ်။

●        အိပ်ရေးမဝတာ၊ အိပ်ရေးပျက်တာ ကြာသွားသူတွေမှာလည်း များများဖြစ်တတ်ပါတယ်။

 

>>     ဒီလိုတွေ မလန်းမဆန်း နိုးထတဲ့အခါ လုပ်သင့်တာက -

●        အိပ်ချိန်ကို တိုးလိုက်ပါ။

●        စောစောအိပ်ပါ။

●        အိပ်ခါနီး ဖုန်းမကြည့်ပါနဲ့။

●        ညသန်းခေါင် နိုးတဲ့အခါ သတိကပ်ပြီး ပြန်အိပ်စက်ဖို့ ကြိုးစားပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)