အိပ်ရာပေါ်မှာ ကျန်းမာပျော်ရွှင်စေဖို့ ...
ကျန်းမာသာယာသော အတူနေဘဝရရှိဖို့ နှစ်ဦးနှစ်ဖက်လုံးက စိတ်ပါလက်ပါနဲ့ ဝီရိယထား အာရုံစိုက်ဖို့ လိုအပ်လေ့ရှိပါတယ်။ တစ်ဘီးထဲ လှိမ့်နေရင် ဘာမှထူးပြီး အကျိုးရှိလာမှာ မဟုတ်ပါဘူး။ ဒီတော့ နှစ်ယောက်လုံးက စိတ်ဝင်တစားနဲ့ အိပ်ရာပေါ်ကဇာတ်လမ်းကို အကောင်အထည်ဖော်ပါ။
● ချစ်သူစုံတွဲတွေမှာ ပွေ့ဖက်တာ၊ နမ်းတာတွေ လုံလောက်စွာ ပြုလုပ်ပေးရင် အိပ်ရာပေါ်ကိစ္စ မပါရင်တောင် ပြီးပြည့်စုံသော လိင်သာယာမှုဘဝကို ရရှိစေပါတယ်။
● တောင်ထိပ်ရောက်ရုံနဲ့ မလုံလောက်ပါဘူး။ အမျိုးသမီးနဲ့ အမျိုးသားကြားမှာ စိတ်ပါလက်ပါ ထိတွေ့ရင်းနှီးမှု ကြာရှည်မှ ပိုမိုရင်းနှီး ကျွမ်းဝင်လွယ်ကူစေမှာပါ။
● တစ်ကိုယ်ရည် အာသာဖြေတယ်ဆိုတာ အန္တရာယ်မရှိပါဘူး။ တစ်ကိုယ်တည်း အာသာဖြေခြင်းဖြင့် ကောင်းကောင်း အိပ်ပျော်တဲ့အပြင် စိတ်ဖိစီးမှုတွေပါ လျော့ကျစေပါတယ်။
● လိင်ဆက်ဆံစဉ်မှာ နာကျင်ရင် တခြားရောဂါအခံတစ်ခုခု ဖြစ်နေတတ်တာမို့ ချက်ချင်း ပြသကုသဖို့ စီစဉ်ပါ။ သာယာကျေနပ်စရာ အတူနေဘဝမှာ နာကျင်မှုနည်းတာ ပိုသဘာဝကျပါတယ်။
● အခြောက်တွေ၊ အစိုတွေ ဆိုတာထက် သူတို့ရဲ့ လိင်စိတ်ဝင်စားမှုပုံစံတွေကို ပိုမိုလေးစားပေးပါ။ ဒါဟာ ပြုပြင်ပြီး ဖိနှိပ်ထားကောင်းတဲ့အရာ မဟုတ်ပါဘူး။
● အရည်အသွေး ကောင်းမွန်တဲ့ သနေ္ဓတားဆေး သုံးစွဲပါ။ သနေ္ဓတားဆေး၊ အရေးပေါ် ကာကွယ်ဆေးတွေကို မနှမျောပါနဲ့။ အရည်အသွေးနဲ့ ကွာလတီဟာ အလွန်အဓိကကျပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး မိမိနဲ့သင့်တော်ပြီး အရည်အသွေး ကောင်းမွန်တာကို ရွေးချယ်သုံးစွဲပါ။
● လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို ကုသလို့ ရပါတယ်။ လုံးဝပျောက်ကင်းတဲ့အထိ သေချာစွာ ကုသပေးလို့ ရနေပါပြီ။ ရှက်ပြီး ဖုံးကွယ်ထားစရာမလိုပါဘူး။
● ဘာလုပ်လုပ် ခွင့်ပြုချက်ယူပါ။ အတူနေမယ်ဆိုရင် လင်မယားကြားမှာတောင် မျက်နှာရိပ်၊ မျက်နှာကဲ၊ စိတ်အခြေအနေ အကဲခတ်ပြီးမှ ရှေ့ဆက်လှုပ်ရှားစေချင်ပါတယ်နော်။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)






























