အိပ်ရာမဝင်ခင် ရေချိုးတဲ့အခါ ...
တစ်နေကုန် မောမောပန်းပန်း ရုန်းကန်လှုပ်ရှားထားတဲ့ကိုယ်ကို နည်းနည်းလေးအေးအောင် အပူချိန်ကို လျှော့ချလိုက်တာပာာ အိပ်ပျော်ခြင်း ဖြစ်စဉ်ကို အကောင်းဆုံး အကူအညီပေးလိုက်တာ ဖြစ်ပါတယ်။ ကိုယ်အပူချိန် လျှော့ချတဲ့ဖြစ်စဉ်ကို ရေချိုးခြင်းဖြင့် ဘယ်လိုထောက်ကူပေးရင်ကောင်းမလဲ။
တစ်ညလုံး အိပ်စက်ပြီး မနက်အစောမှာ ကိုယ်အပူချိန်အနိမ့်ဆုံးကို ရောက်ပါတယ်။ အိပ်ရာထပြီး ပြန်လည်နိုးကြား သွက်လက်လာဖို့ စွမ်းအင်တည်ဆောက်ပါတယ်။ ဒီတော့ အားအင်တွေပြန်ဖြည့်မယ့် ညအိပ်ရာဝင်ချိန်မတိုင်ခင် ရေချိုးတာပာာ ဘယ်လိုအာနိသင်တွေ ရရှိစေပါသလဲ။
● အကြောတွေကို ကောင်းစွာ ပြေလျော့စေပါတယ်။
● မိမိကိုယ်ကို သေသေချာချာ သန့်ရှင်းစင်ကြယ်စေပါတယ်။
● ရေချိုးနေချိန်မှာ တဒင်္ဂ အရာအားလုံးနဲ့ ကင်းကွာတဲ့ ကိုယ်ပိုင်အချိန်လေးကို ရရှိစေပါတယ်။
>> ရေအေးနဲ့ ချိုးမလား? ရေနွေးနဲ့ ချိုးမလား?
● တရားလွန်ပူနေတဲ့ ရေနွေးရော၊ သိပ်အေးနေတဲ့ ရေအေးရောက အိပ်ခါနီး ကိုယ်ခန္ဓာကို ဘာမှ အကူအညီ မပေးနိုင်ပါဘူး။
● မပူလွန်း မအေးလွန်းတဲ့ ခပ်နွေးနွေးရေကသာ တကယ်အကြောပြေစေပြီး အိပ်စက်ခြင်း အခြေအနေအတွက် အကောင်းဆုံးပံ့ပိုးမှုကို ပေးနိုင်မှာ ဖြစ်ပါတယ်။
● သိပ်အေးတဲ့ရေက လန်းသွားစေပြီး စိတ်တက်ကြွစေတာကြောင့် မနက်စောစောတွေအတွက်သာ သင့်လျော်ပါတယ်။
● သိပ်ပူတဲ့ရေနွေးက အသားအရေကို ခြောက်စေတဲ့အပြင် လူကို နိုးကြားစေပြီး ကိုယ်ကို အေးစေတဲ့ဖြစ်စဉ်ကို နှေးကွေးစေတာကြောင့် အိပ်မပျော် ဖြစ်စေပါတယ်။
မနက်စောစောတစ်ခါ၊ ညတစ်ခါ ချိုးတာက အကောင်းဆုံးအာနိသင်ကို ရစေပါတယ်။ တကယ်လို့ ရေချိုးတာကြောင့် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအာနိသင်တွေ ရချင်ရင် ရေချိုးဆပ်ပြာဆီထဲဖြစ်ဖြစ်၊ ရေချိုးကန်ထဲကိုဖြစ်ဖြစ် ရေမွှေးဆီလေး တစ်စက်၊ နှစ်စက် ရောစပ်လိုက်တာ အင်မတန် သင့်တော်ကောင်းမွန်ပါတယ်။ လာဗင်ဒါနံ့၊ စံပယ်နံ့၊ နှင်းဆီနံ့ စသည်ဖြင့် မိမိနှစ်သက်ရာ အနံ့ကုထုံးကို ရွေးချယ်ပြီး ရေချိုးချိန်လေးကို သာသာယာယာ ထုံမွှမ်းစေသင့်ပါတယ်။
မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်စေသလို ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ရေချိုးတာကို ညတိုင်း ပြုလုပ်ခြင်းဖြင့် အကောင်းဆုံးအိပ်စက်မှုကို ရရှိစေမှာဖြစ်ပါတယ်။ အိပ်မပျော်ဘူးဆိုတဲ့အမျိုးတို့ မအိပ်ခင် ရေကြက်သီးနွေးလေးနဲ့ ချိုးတာကို အကျင့်လုပ်ကြည့်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်စက်ခြင်း စည်းစိမ်ကို အရယူကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























