/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိပ်ရေးမဝလို့-ခေါင်းကိုက်တဲ့အခါ

အိပ်ရေးမဝလို့ ခေါင်းကိုက်တဲ့အခါ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အိပ်စက်ခြင်းဟာ ကိုယ်စိတ်ကျန်းမာမှုအတွက် အလွန်အရေးပါ,ပါတယ်။ ကိုယ်ခံအားစနစ်၊ သွေးလည်ပတ်မှုစနစ်နဲ့ ဟော်မုန်းစနစ် စတဲ့ ကိုယ်ခန္ဓာရဲ့လုပ်ငန်းဆောင်တာတွေ ပြန်လည်အားအင်ဖြည့်တင်းဖို့အတွက် အိပ်စက်ခြင်းက ဆောင်ကြဉ်းပေးပါတယ်။ ဒီလို ကိုယ်ခန္ဓာက လိုအပ်တဲ့အိပ်စက်မှုကို မရရှိတဲ့အခါ ခေါင်းကိုက်တာလိုမျိုး အိပ်ရေးမဝတဲ့လက္ခဏာရပ်တွေ ဖြစ်လာတတ်ပါတယ်။

>>  ခေါင်းကိုက်ခြင်းနဲ့ အိပ်ရေးပျက်ခြင်းကြား ဆက်စပ်မှု
ခေါင်းကိုက်ခြင်းနဲ့ အိပ်စက်ခြင်းကြား ဆက်နွယ်မှုဟာ ရှုပ်ထွေးပြီး နားလည်ရခက်ခဲပါတယ်။
•  အိပ်ရေးပျက်ခြင်း
•  အအိပ်များခြင်း
•  အိပ်မပျော်ခြင်း၊ ညအိပ်ချိန် အသက်ရှူ ခေတ္တရပ်ခြင်း စတဲ့ အိပ်စက်ခြင်းရောဂါများရှိခြင်း
•  အချိန်စက်ဝန်းမတူတဲ့နေရာများတွင် အိပ်စက်ခြင်း
•  ပြတ်တောင်းပြတ်တောင်းအိပ်စက်ခြင်း
စတာတွေကြောင့် ခေါင်းကိုက်တတ်ပါတယ်။

>>  အိပ်ရေးဝဝအိပ်ဖို့ အိပ်ချိန် ဘယ်လောက်လိုအပ်သလဲ?
ကျန်းမာတဲ့လူတစ်ယောက်ဟာ တစ်နေ့ကို ၇-၉ နာရီလောက် အိပ်ချိန်လိုအပ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ ကွာခြားမှုရှိနိုင်ပါတယ်။

Biogesic Adult IA 1

>>  အိပ်ရေးမဝလို့ ခေါင်းကိုက်ခြင်းကို ဘယ်လိုကုသကြမလဲ?
အဓိကကုသမှုကတော့ ဖြစ်စေတဲ့အကြောင်းရင်းပေါ် မူတည်ပါတယ်။ ဒီလိုကုသမှုတွေ မစတင်ခင်မှာ ဆရာဝန်က အိပ်စက်ခြင်းနဲ့ခေါင်းကိုက်ခြင်းအကြောင်း မှတ်တမ်းလေး ပြုလုပ်စေပါလိမ့်မယ်။ မှတ်တမ်းထဲမှာ -
•  အိပ်ချိန်ပမာဏ
•  နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်/မပျော်
•  တစ်လကို ခေါင်းကိုက်တဲ့အရေအတွက်
•  ခေါင်းကိုက်တဲ့ရက်တွေမှာ ခံစားရတဲ့ တခြားလက္ခဏာတွေ ပါဝင်အောင် မှတ်ထားရပါမယ်။

အကယ်၍ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ၊ ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းဝေဒနာတွေ ဖြစ်လာခဲ့ရင် ဆရာဝန်က လိုအပ်တဲ့ကုသမှုတွေ ပေးပါလိမ့်မယ်။ ဒါ့အပြင် -
•  ရေဓာတ်ပြည့်ဝအောင် သောက်ပေးခြင်း
•  အေးဆေးတိတ်ဆိတ်တဲ့အခန်းထဲမှာ လှဲလျောင်းအနားယူခြင်း
•  အကိုက်အခဲပျောက်ဆေးလေးတွေ သောက်ပေးခြင်း
စတဲ့ နည်းလမ်းလေးတွေနဲ့လည်း သက်သာစေနိုင်ပါတယ်။

Biogesic Adult IA 2

>>  ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြဖို့လိုမလဲ?
တစ်ခါတစ်ရံ အိပ်ရေးပျက်လို့ ခေါင်းကိုက်တာမျိုးက ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ အောက်ပါအခြေအနေမျိုး ကြုံတွေ့လာရပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသပါ။
•  ခေါင်းကိုက်တာ ပုံမှန်ထပ်ပိုဆိုးနေခြင်း၊ ရုတ်တရက်ကိုက်ခြင်း
•  ခေါင်းကို ခိုက်မိထားခြင်း
•  လည်ပင်းတောင့်တင်းနေခြင်း၊ တက်ခြင်း၊ မူးလဲခြင်း၊ ကယောင်ကတမ်းဖြစ်နေခြင်း၊ ခြေလက်အားနည်းနေခြင်း၊ ထုံကျဉ်ခြင်း
•  ကိုယ်ဝန်ဆောင်ချိန်မှစပြီး အပြောင်းအလဲတွေဖြစ်ခြင်း

>>  အိပ်စက်ခြင်းနဲ့ ဆက်စပ်နေတဲ့ခေါင်းကိုက်ခြင်းတွေ သက်သာစေဖို့ ...
•  နေ့တိုင်း အချိန်မှန်မှန်အိပ်ရာဝင်ပြီး အချိန်မှန်မှန်အိပ်ရာထပါ။
•  အိပ်ခန်းကို သက်သောင့်သက်သာရှိပြီး သင့်တင့်မျှတတဲ့အပူချိန်ရှိအောင် ထားပါ။
•  ကဖိန်း၊ အရက်၊ အိပ်ခါနီး အစားအများကြီးစားတာ စတာတွေကို ရှောင်ပါ။
•  နေ့ပိုင်းမှာ လေ့ကျင့်ခန်းပြုလုပ်ပါ။
•  အိပ်ခန်းထဲမှာ ဖုန်း၊ တီဗီ၊ ကွန်ပျူတာ စတဲ့ electronic ပစ္စည်းတွေ မထားပါနဲ့။

Dr. Mya Phoo Ngon (www.drmyanmar.com)