/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိမ်တွင်းသုံး-လေထုသန့်စင်စက်တွေက-ကိုဗစ်ကို-အမှန်တကယ်

အိမ်တွင်းသုံး လေထုသန့်စင်စက်တွေက ကိုဗစ်ကို အမှန်တကယ် ကာကွယ်နိုင်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သင့်အိမ်တွင်းမှာ လေဝင်လေထွက်ကောင်းကောင်းရှိခြင်းဟာ ရောဂါပိုးမွှားတွေ ကူးစက်ခြင်းကို လျှော့ချပေးနိုင်ပြီး သင့်ကျန်းမာရေးကိုလည်း ကောင်းမွန်စေကြောင်း မှတ်သားဖူးကြပါလိမ့်မယ်။ ဒါဆိုရင် လက်ရှိဈေးကွက်မှာ ရောင်းနေကြတဲ့ ကိုယ်သွားလေရာကို သယ်ဆောင်သွားနိုင်တဲ့ လေထုသန့်စင်စက်တွေ သုံးရင်ကော ကိုဗစ်ကို ကာကွယ်နိုင်မလားလု့ိ မေးစရာရှိပါလိမ့်မယ်။
အမေရိကန်နိုင်ငံမှ ဝါရင့်ဆရာဝန်တစ်ဦးဖြစ်တဲ့ Dr. Poland ကတော့ လေထုမှာ ပြောင်းလဲမှုတွေဖြစ်ပြီး လေထုဟာ သန့်စင်လေလေ ရောဂါကူးစက်ဖို့ အလားအလာနည်းလေလေ ဖြစ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။ ဒီအတွက် ကျွန်မတို့အိမ်တွင်းမှာရှိတဲ့လေကို သန့်နိုင်သမျှ သန့်အောင်ထားခြင်းဖြင့် စိတ်ချရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုလေထုသန့်စင်စေဖို့ဆိုရင် အလွန်တရာသေးငယ်တဲ့ အရွယ်အစား အမှုန်အမွှားတွေကိုတောင် သန့်စင်ပေးနိုင်တဲ့ HEPA (High efficiency particulate air) Filter သုံးသော လေသန့်စင်စနစ်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

Dr. Poland ကတော့ ဒီလေသန့်စင်စနစ်အတွက် အများကြီး ငွေကုန်ဖို့ မလိုပါဘူး။ သယ်ဆောင်လို့ရတဲ့ လေသန့်စင်စက်အသေးလေးတွေကိုလည်း အသုံးပြုလို့ရတယ်လို့ ဆိုပါတယ်။
●  တကယ်ကတော့ ဗိုင်းရပ်စ်ဟာ အလိုအလျောက် မပျံ့နှံ့နိုင်ပါဘူး။ လေထုမှာ ပျံ့နှံ့ဖို့အတွက် လေထုထဲက အမှုန်တစ်ခုခုကို ကပ်တွယ်ရပါတယ်။ လေထုသန့်စင်စက်တွေကနေ ထိုအမှုန်အမွှားလေးတွေကို ဖမ်းဆီးပြီး သိမ်းဆည်းလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနှင့် လေထုသန့်စင်စက်ထဲရှိ ဇကာကို ပုံမှန်လဲလှယ်ဖို့တော့ လိုအပ်ပါတယ်။
ဒီဇကာဟာ ဗိုင်းရပ်စ်ကို မသတ်နိုင်ပေမယ့် လေထုကို ပြောင်းလဲသန့်စင်စေခြင်းဖြင့် ဗိုင်းရပ်စ် မတွယ်ကပ်နိုင်အောင် တားဆီးပေးခြင်း ဖြစ်ပါတယ်။

●  လေထုသန့်စင်စက်လေးတွေကို အသုံးပြုမယ့်သူတွေအတွက် သိထားသင့်တဲ့အချက်တွေကတော့ -
(၁)  လေသန့်စက်ကို သင် သို့မဟုတ် အိမ်ရှိ သက်ကြီးရွယ်အိုနှင့် ကလေးငယ်တို့ အချိန်ကြာကြာ နေလေ့ရှိသော အခန်းတွင် ထားရှိပါ။
(၂) လေကတစ်ဆင့် ရောဂါကူးစက်ခြင်းကို လျှော့ချဖို့အတွက် လူတွေနှင့် တိုက်ရိုက်ဘက်သို့ မျက်နှာမမူဖို့ သတိပြုပါ။

လေထုသန့်စင်စက်တွေကို အသုံးပြုခြင်းအပြင် အပြင်ထွက်တိုင်း mask တပ်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ social distancing နည်းစဉ်များကို လိုက်နာခြင်း၊ ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ခြင်းတို့ဖြင့်လည်း ကာကွယ်ကြဖို့ လိုပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)