/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိမ်ထောင်ရှိတာကောင်းလား၊-မရှိတာကောင်းလား

အိမ်ထောင်ရှိတာကောင်းလား၊ မရှိတာကောင်းလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တကိုယ်တည်းသမားတွေက အရက်သေစာပိုမိုသောက်စားခြင်း၊ အအိပ်အစားမမှန်ခြင်း၊ အထီးကျန်ေ၀ဒနာကို ခံစားရခြင်းကြောင့် အိမ်ထောင်ရှိတဲ့လူတွေဟာ တကိုယ်တည်းသမားတွေထက်ပိုပြီး အသက်ရှည်တယ်လို့ သိခဲ့ကြပါတယ်။

          ဒါပေမဲ့ အသက် 65 ကျော်အရွယ် လူပေါင်း 2000 ခန့်ကို လေ့လာပြီးတဲ့နောက်မှာ လက်ထပ်ခြင်းနှင့် ကြံ့ခိုင်မှုဟာ ယောကျာ်း၊ မိန်းမပေါ်မူတည်ပြီး ပြောင်းလဲတာကို တွေ့ရှိခဲ့ကြပါတယ်။

          ခင်ပွန်းသည် သေဆုံးသွားတဲ့ အမျိုးသမီးတွေဟာ အသက်ကြီးလာချိန်မှာ အိမ်ထောင်ရှင် အမျိုးသမီးတွေထက် 23 ရာခိုင်နှုန်းပိုပြီး ကြံ့ခိုင်တယ်လို့ Journal of women’s health မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အမျိုးသားတွေအတွက်ကတော့ အသက်ကြီးလာချိန်မှာ အားအင်ချိနဲ့နှုန်းက အိမ်ထောင်ရှိတဲ့လူတွေထက် လူပျိုတွေမှာ 4 ဆ၊ မုဆိုးဖိုတွေမှာ တစ်ဆခွဲ ပိုတယ်လို့သိရပါတယ်။ ဤတွေ့ရှိချက်တွေက အီတာလျံ အမျိုးသား 773 ယောက်နှင့် အမျိုးသမီး 1,154 ယောက်ကို 4 နှစ်ခွဲ ကြာအောင်လေ့လာပြီးတဲ့ နောက်ရရှိလာတဲ့ အဖြေပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။

          အိမ်ထောင်တခုတွင် ဇနီးသည်က ခင်ပွန်း၏ ကျန်းမာရေးကို ဂရုစိုက်ပေးခြင်း၊ အိမ်မှုကိစ္စများမလစ်ဟင်းရလေအောင် စီမံဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပေးသော်လည်း ဇနီးသည်ကိုယ်တိုင်၌ အိမ်မှုကိစ္စများအချိန်မီပြီးစီးအောင် ဆောင်ရွက်ရခြင်း၊ အိမ်မှုကိစ္စများနှင့် အခြားသောနေရာများတွင် သူတို့ရဲ့အခန်းကဏ္႑ ကန့်သတ်မှုများရှိလာခြင်းတို့ကြောင့် အိမ်ထောင်ရှိ အမျိုးသမီးတွေဟာ ပိုပြီးစိတ်ဖိစီးမှုတွေများလို့ ကြံ့ခိုင်မှုနှုန်းကျဆင်းသွားတာဖြစ်တယ်လို့ သုတေသနခေါင်းဆောင် Dr Trevisan က ဆိုပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com