အိမ်ရှင်မတို့ သိမှတ်စရာ အာပာာရ အကြံဉာဏ်ကောင်းများ
အာပာာရဆိုင်ရာ ကျွမ်းကျင်သူတွေဆိုတာ သင့်ကို ကျန်းမာသက်ရှည်အောင် စားသောက်နေထိုင်မှုအားဖြင့် ဘယ်လိုပြုပြင်စားသောက်သင့်တယ်ဆိုတာ အများကြီး အကြံပြု ပြောပြနိုင်သူတွေပါ။ ပိုမိုကျန်းမာလာဖို့ ဒီလိုလေးတွေ စားကြ၊ ချက်ကြပါလို့ သူတို့က ပြောပြထားပါတယ်။
● ကြွပ်နေအောင် ကြော်ထားတဲ့ အသားကြော်၊ အိုးကပ်အောင် ချက်ထားတဲ့ပာင်းတွေ ကြွပ်ရွနေအောင် ကင်ထားတဲ့အကင်တွေ မည်းမည်းညိုညို ကြွပ်ကြွပ်ဆိုတာနဲ့ ကျန်းမာရေးနဲ့ လုံးဝမညီညွတ်ဘူးနော်။ အလွန်အကျွံချက်တဲ့အခါ အကျက်လွန်ပြီး ပာိုက်ဒရိုကာဗွန်လို့ခေါ်တဲ့ အဆိပ်ဓာတ်တွေ ထွက်လာပါတယ်။ ကင်ဆာဖြစ်စေတဲ့ ဓာတ်တစ်မျိုးပေါ့။ ပေါင်းစား ချက်စားပါနော်။
● ဆီ တစ်မျိုးတည်းသုံး မချက်ပါနဲ့။ ပဲဆီ၊ နေကြာဆီ၊ သံလွင်ဆီ တစ်လှည့်စီ သုံးစေချင်ပါတယ်။ ဆီကို အရမ်းတူးအောင် ပူအောင် လုပ်ရင်လည်း အာပာာရတန်ဖိုးတွေ ဆုံးရှုံးသွားပါတယ်နော်။
● ဆားကို လျှော့တာ ကောင်းပေမယ့် သင့်တင့်တဲ့ပမာဏတော့ ထည့်ချက်၊ ထည့်စားရမှာ ဖြစ်ပါတယ်။ အလွန်အကျွံရှောင်ရင် လိုအပ်တဲ့ အိုင်အိုဒင်းအာပာာရနဲ့ ဆိုဒီယမ်နည်းပါးလာတတ်ပါတယ်။ ဒါပေမဲ့ မမြည်းရသေးရင် ပေါ့တယ်အထင်နဲ့ ဆားတွေ လွှတ်မခတ်ပါနဲ့။
● မုန့်ဘူးတွေ၊ စည်သွတ်ဘူးတွေ ဝယ်တဲ့အခါ ရက်လွန်ဒိတ်ကို ကြည့်သလို ထုတ်လုပ်တဲ့ရက်လကိုလည်း ကြည့်ပါ။ ထုတ်တဲ့ရက်နဲ့ ဒိတ်လွန်တာကို လွဲကြည့်ပြီး ပစ်လိုက်ကြသူတွေ မနည်းမနောပါတဲ့။ အစားအစာကို မဖြုန်းတီးရဘူးနော်။
● စားနေကျတွေချည်း မစားပါနဲ့။ အသစ်အဆန်းလေးတွေ ကြိုးစားချက်ကြည့်ပါအုန်း။ အကြိုက်ကို နားလည်ပေမယ့် အာပာာရတန်ဖိုး အသစ်တွေရအောင် မစားဘူးတာတွေ သိပ်မစားဖြစ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ရင် စမ်းချက်ကြည့်ပါ။
● ၀ိတ်တက်မှာစိုးလို့ ကြက်ဥအကာပဲ မစားပါနဲ့။ ကြက်ဥကို အဖြူအစား အညိုရောင်စားတာ အာပာာရ ပိုဖြစ်ပါတယ်။ ကျန်းမာရေးအာနိသင်တွေက ကြက်ဥအနှစ်မှာ ရှိပါတယ်နော်။ အလွန်အကျွံတော့ မစားနဲ့ပေါ့။
● အသီးတွေကို ချိုတယ်ဆိုပြီး သိပ်ရှောင်တာမျိုး မလုပ်ပါနဲ့။ သဘာဝသစ်သီးက အချိုဓာတ်ပာာ ကျန်းမာတဲ့ ဖရက်တို့စ်အချိုပါ။ အစာကြေလွယ် ဝမ်းမချုပ်စေတဲ့ အမျှင်ဓာတ်က အသီးတွေမှာ အပြည့်ပါနေတယ်လေ။ အိမ်သားတွေ အသီးစားဖြစ်ဖို့က မေမေက ဦးဆောင်ပေးနော်။
● ရေခဲသေတ္တာထဲက အသားတွေ ထုတ်ပြီးတဲ့အခါ ရေပိုက်အောက်မှာ ထားလိုက်တာ ပိုကောင်းပါတယ်။ မြန်မြန်အခဲပျော်အောင် မိုက်ခရိုဝေ့ထဲထည့်တာ မီးဖိုအနီးမှာ ထားတာတွေက ဘက်တီးရီးယားတွေ ပွားလာစေပြီး ဆိုးကျိုးတွေ ပိုများစေလို့ပါနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























