အိမ်ရှင်မနှင့် အာဟာရ
အိမ်ရှင်မတွေက မိသားစုတစ်စုလုံးမှာ အဓိက ကျပါတယ်...
မိသားစု၀င်တွေအတွက် နေ့စဉ် စီမံချက်ပြုတ်ပေးနေတာမို့လို့ တစ်မိသားစုလုံး အာဟာရပြည့်၀ဖို့က အိမ်ရှင်မရဲ့ ကျန်းမာရေးဗဟုသုတအပေါ်မှာလဲ အများကြီးမူတည်နေပါတယ်..
ဒါ့ကြောင့် အိမ်ထောင်ရှင်မတွေအနေနဲ့ မိမိရဲ့ မိဘတွေအတွက်၊ အိမ်ထောင်ဦးစီးအတွက်၊ သားသားမီးမီးလေးတွေအတွက် အာဟာရဓာတ်မျှတအောင် ဘယ်လို စီမံချက်ပြုတ်သင့်လဲဆိုတာကို သိရှိထားဖို့ အရေးကြီးပါတယ်...
ဒီအကြောင်းအရာကို အာဟာရဆိုင်ရာအထူးကု ဆရာ၀န်ကြီး Dr. ဒေါ်၀င်း၀င်းမြင့်က Dr Myanmar ကျန်းမာရေး Website ရဲ့ "နေ့စဉ်ဘ၀နှင့် ကျန်းမာရေး" အစီအစဉ်ကနေ အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒီ Program ကို "Vitacap" အားဆေး မှ အားဖြည့်ကူညီပေးထားပြီး အပတ်စဉ် တနင်္လာနေ့တိုင်း Dr Myanmar Website နဲ့ Facebook တို့မှတဆင့် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။






























