/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိုင်ယာလန်ပင့်ကူက-ရောဂါကုပေးနိုင်သလား

အိုင်ယာလန်ပင့်ကူက ရောဂါကုပေးနိုင်သလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပင့်ကူလို့ဆိုလိုက်တာနဲ့ အန္တရာယ်ပေးနိုင်တဲ့အဆိပ်ရှိတဲ့ သတ္တဝါဖြစ်တာကြောင့် လူအများက ကြောက်ရွံ့လေ့ရှိပါတယ်။ ဒါပေမဲ့ NUI Galway မှာရှိတဲ့ သုတေသီက အိုင်ယာလန်မှာတွေ့ရတဲ့ပင့်ကူတွေဟာ ဆေးပညာပိုင်းဆိုင်ရာကုသမှုတွေအတွက် အသုံးဝင်တယ်လို့ပြောဆိုလိုက်ပါတယ်။

          အိုင်ယာလန်မှာ ပင့်ကူမျိုးစိတ်ပေါင်း 400 ကျော်ရှိပြီး အချို့သောမျိ်ုးစိတ်တွေရဲ့အဆိပ်ဟာ အီးကိုလိုင် (E-coli) ကဲ့သို့သော ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ဒါ့အပြင် Connacht ရှိ ဂူအတွင်းမှာနေထိုင်တဲ့ ပင့်ကူတွေဟာ လူသားခန္ဓာကိုယ်အတွင်းရှိဆဲလ်များကို မထိခိုက်စေဘဲ လူတွေကိုအန္တရာယ်ပြုနိုင်ပြီး လူသားခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကိုမထိခိုက်စေဘဲ လူတွေကိုအန္တရာယ်ပြုနိုင်တဲ့ဘက်တီးရီးယားတွေကို နှိမ်နှင်းနိုင်တယ်လို့ University’s school of Natural Science မှ Dr. Michel Dugon က ဆိုပါတယ်။

          Dr. Dugon က ကင်ဆာဆဲလ်တွေနှင့် ကပ်ပါးရောဂါပိုးတွေအပေါ်မှာ ပင့်ကူအဆိပ်ရဲ့သက်ရောက်မှုနှင့်ပတ်သက်၍ သုတေသနပြုလုပ်နေသူတစ်ဦးဖြစ်ပါတယ်။ အခုအချိန်ထိ လေ့လာခဲ့သမျှ ပင့်ကူမျိုးစိတ်တွေထဲမှာ အနည်းဆုံးမျိုးစိတ်နှစ်ခုမှာ ဆေးဘက်ဆိုင်ရာအသုံးဝင်မှုှတွေရှိပါတယ်။ ကုထုံးတွေဖွ့ံဖြိုးတိုးတက်လာဖို့ အချိန်ယူရမှာဖြစ်ပေမယ့် ဤတွေ့ရှိချက်ပေါ်မူတည်ပြီး ကင်ဆာရောဂါကုထုံးသစ်များဖော်ထုတ်နိုင်လိမ့်မယ်လို့ Dr. Dugon က ပြောကြားခဲ့ပါတယ်။

 

Dr.Htet Htet Aung

www.drmyanmar.com