/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိုင်အိုဒင်းဓာတ်-ချို့တဲ့မှုကြောင့်-ဉာဏ်ရည်နိမ့်တဲ့ကလေးများ

အိုင်အိုဒင်းဓာတ် ချို့တဲ့မှုကြောင့် ဉာဏ်ရည်နိမ့်တဲ့ကလေးများ မွေးဖွားနိုင်ပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အိုင်အိုဒင်းဓာတ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ကြီးထွားဖွံဖြိုးမှုအတွက် လိုအပ်တဲ့ သိုင်းရွိုက်ဟော်မုန်းထုတ်ဖို့ရာ ကုန်ကြမ်းဖြစ်ပါတယ်။ လူကြီးမှာ တစ်နေ့ကို 150mg လောက် လိုအပ်ပြီး ကိုယ်ဝန်ဆောင်မှာတော့ 220mg ၊ နို့တိုက်မိခင်မှာ 290mg လောက် လိုအပ်ပါတယ်။ အိုင်အိုဒင်းဓာတ် ထည့်သွင်းပြုပြင်ထားတဲ့ ဆား၊ ပင်လယ်စာ၊ နို့၊ ချိစ့်နဲ့ ဥတွေကနေ အိုင်အိုဒင်းဓာတ် ရနိုင်ပါတယ်။
●  အိုင်အိုဒင်းဓာတ်ကို  ခန္ဓာကိုယ်က သိုင်းရွိုက်ဟော်မုန်းထုတ်ဖို့ လိုအပ်တာကြောင့် အိုင်အိုဒင်း ချို့တဲ့ရင် သိုင်းရွိုက်ဟော်မုန်းလည်း မလုံလောက် ဖြစ်လာပါတယ်။ ဒီအခါမှာ ပင်ပန်းနွမ်းနယ်တာ၊ ဝမ်းချုပ်တာ၊ ကိုယ်အလေးချိန် တက်လာတာ စတဲ့ လက္ခဏာတွေ ခံစားလာရပါတယ်။
●  အသားအရေတွေ ခြောက်သွေ့လာမယ်
●  ဆံပင်တွေ ကျွတ်ဆတ်လာမယ်
●  ပြီးတော့ အရမ်းချမ်းတတ်လာမယ်၊ အလုပ်တွေ မပြီးဖြစ်လာမယ်။
ဟုတ်ပါတယ်။ စိတ်ကျန်းမာရေးကို ထိခိုက်တဲ့အပြင် အလုပ်လုပ်ရာမှာပါ အာရုံစူးစိုက်လို့မရဘဲ အနှောင့်အယှက်တွေ ဖြစ်လာပါလိမ့်မယ်။
●  လည်ပင်းမှာ အလုံးအကျိတ်ပေါ်လာတာမျိုး
ဒါကတော့ သိသာထင်ရှားဆုံး၊ ပထမဆုံး တွေ့ရတတ်တဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
●  အိပ်တဲ့အခါ နင်နေသလို၊ လည်ပင်းအစ်နေသလို ခံစားချက်မျိုး ရတာ
လည်ပင်းက အလုံးဟာ ကြီးလာတာနဲ့အမျှ အသက်ရှူရ ခက်ခဲတာ၊ အစာမျိုရခက်တာ စတဲ့ လက္ခဏာတွေ ပေါ်လာပါတယ်။
●  ကိုယ်ဝန်ဆောင်ချိန်မှာ ပြဿနာ ပေါ်လာတာ
ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ဟာ သိုင်းရွိုက်ဟော်မုန်းကို ပိုလိုအပ်ပါတယ်။ သိုင်းရွိုက်ထုတ်ဖို့အတွက် အိုင်အိုဒင်းတွေလည်း ပိုလိုလာပါတယ်။ အိုင်အိုဒင်းဓာတ်ချို့တဲ့တဲ့ မေမေတွေဟာ ကိုယ်ဝန်ပျက်ကျနိုင်ချေ၊ ကလေးအသေမွေးနိုင်ချေ များပါတယ်။
ဗိုက်ထဲက ကလေးလေးရဲ့ ကြီးထွားမှု၊ ဖွံဖြိုးတိုးတက်မှုတွေကို နှောင့်ယှက်တဲ့ အပြင် ဦးနှောက်နဲ့ အာရုံကြော ဖွံဖြိုးမှုကိုလည်း ထိခိုက်စေပါတယ်။ ကလေးရဲ့ဉာဏ်ရည် ကိုလည်း နိမ့်ပါးစေပါတယ်။ အိုင်အိုဒင်း ချို့တဲ့မှုကြောင့် ဖြစ်တဲ့ ဉာဏ်ရည်နိမ့်ပါးမှုဟာ ကမ္ဘာပေါ်မှာ ကာကွယ်လို့ရတဲ့ အဖြစ်များဆုံး အကြောင်းအရင်းတစ်ခု ဖြစ်နေပါတယ်။
ဒါ့အပြင် မွေးဖွားလာတဲ့ ကလေးတွေမှာ ကြီးထွားဖွံဖြိုးမှု ရပ်တန့်တာ၊ အာရုံစူးစိုက်မှု အားနည်းတဲ့ရောဂါ စတာတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ အိုင်အိုဒင်းကို နေ့တိုင်း 150mg လောက် ထည့်သွင်းစားသင့်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

Dr. Htar (www.drmyanmar.com)