အိုမီဂါ 3 အကြောင်း အမေးအဖြေ
>> အိုမီဂါ 3 ငါးကြီးဆီကို ဘယ်လိုငါးတွေကနေ ရရှိနိုင်သလဲ?
ဆာဒင်းငါး၊ ဆော်လမွန်ငါး၊ တူနာငါးနဲ့ အခြားသော ပင်လယ်ငါးတွေမှာ အိုမီဂါ 3 ငါးကြီးဆီ ပြည့်ဝစွာပါဝင်လျက်ရှိပါတယ်။
ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေကတော့ ငါးစားတာကို တစ်ပတ်နှစ်ရက်လောက်သာ ပြုလုပ်သင့်ပါတယ်။ ပင်လယ်ငါးများ ရေရှည်စားသုံးခြင်းက အခန့်မသင့်လျှင် ပင်လယ်ရေထုညစ်ညမ်းခြင်းကြောင့်ဖြစ်တဲ့ ခဲ၊ ပြဒါးအဆိပ်သင့်မှုတွေ ဖြစ်ပွားနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အိုမီဂါ 3 ဓာတ်ဟာ သနေ္ဓသားလေးနဲ့ ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုပိုင်းအတွက် အလွန်ကို လိုအပ်ပါတယ်။ ဒါ့ကြောင့် သားဖွားမီးယပ်ဆရာ၀န်တွေက ကိုယ်၀န်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေကို တစ်ပတ်လျှင် 2 ကြိမ်သာ ငါးစားသုံးခိုင်းပြီး အိုမီဂါ 3 ပါ၀င်တဲ့ ဖြည့်စွက်အားဆေးတွေကို နေ့စဉ်ပုံမှန်သောက်သုံးခိုင်းတာ ဖြစ်ပါတယ်။
>> အစားလည်းစားမယ်…ဆေးလည်းသောက်ရင်ကော ရလား?
အဆင်ပြေပါတယ်။ အစားအသောက်ကနေ အိုမီဂါ 3 ကိုရရှိနိုင်သလို အိုမီဂါ 3 ဖြည့်စွက်အားဆေးတွေကိုလည်း အခုနောက်ပိုင်း သုံးစွဲမှုများလာတာတွေ့ရပါတယ်။
ရေရှည်စွဲသောက်ကြတဲ့ ဖြည့်စွက်အားဆေးတွေမို့လို့ သေချာသန့်စင်ထားတဲ့ ကုန်ကြမ်းတွေကို အသုံးပြုထားတဲ့ ဆေးမျိုးတွေကိုသာ ရွေးချယ်သောက်သုံးဖို့ကိုလည်း အကြံပြုလိုပါတယ်။ တစ်နေ့တာအတွက် အိုမီဂါ 3 လိုအပ်ချက်က အကြမ်းဖျဉ်းအနေနဲ့ 500 mg ၀န်းကျင်ဖြစ်ပါတယ်။ နှလုံးရောဂါရှိသူတွေ၊ စိတ်ဖိစီးမှုများသူတွေနဲ့ ကင်ဆာရောဂါတွေကို ကာကွယ်လိုသူတွေမှာတော့ ဒီထက် ပိုများများရရှိဖို့ လိုအပ်ပါတယ်။
Maxx Omega 3 1

>> ကုသဆေးဝါးလား ဖြည့်စွက်ဆေးဝါးလား?
ဖြည့်စွက်ဆေးဝါးသက်သက်သာဖြစ်ပါတယ်။ အကောင်းဆုံးအာနိသင်ရရှိဖို့ အစားအသောက် လေ့ကျင်ခန်း နဲ့ တခြားလိုအပ်တဲ့ဆေးဝါးတွေကိုပါ သေချာသောက်သုံးပေးဖို့လိုပါတယ်။ အဆစ်ရောင်နေသူတွေဆိုရင်တော့ အိုမီဂါ 3 အပြင် အဆစ်အတွက် လိုအပ်တဲ့ဆေးဝါးနဲ့အတူ ပေါင်းစပ်သောက်သုံးမှ တွဲဖက်ပေးမှ အကောင်းဆုံးအာနိသင်ရရှိမှာပါ။
>> နေ့စဉ်သောက်လို့ဆိုးကျိုးဖြစ်နိုင်လား?
ဆရာ၀န်ညွှန်ကြားထားတဲ့ ဆေးပမာဏအတို်င်း (သို့) ဆေးညွှန်းစာအတိုင်း သောက်သုံးပါက အန္တရာယ် မဖြစ်နိုင်ပါဘူး။
Maxx Omega 3 2

(Unicode)





























