/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အံဆုံး-နှုတ်ပြီးချိန်မှာ-ဆောင်ရန်၊-ရှောင်ရန်များ

အံဆုံး နှုတ်ပြီးချိန်မှာ ဆောင်ရန်၊ ရှောင်ရန်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    ဆောင်ရန်အချက်များမှာ -

●        သွားနှုတ်ပြီးပြီးချင်း 24 နာရီမှ 36 နာရီအတွင်းမှာ ပါးတစ်ခြမ်း နီရဲရောင်ရမ်းနေတာကို သက်သာစေရန် ရေခဲကပ်ပေးပါ။

●        နှုတ်ပြီး အနည်းဆုံး 36 နာရီအတွင်းမှာ မေးရိုးကိုက်ခဲမှုတွေ ပျောက်ကင်းအောင် ရေးနွေးငွေ့လေး ခံပေးနိုင်ပါတယ်။

●        မေးရိုးလေ့ကျင့်ခန်းအနေနဲ့ ပါးစပ်ကို ဖြည်းဖြည်းချငး် ဖွင့်လိုက်၊ ပိတ်လိုက် လုပ်ပေးသင့်ပါတယ်။

●        ထမင်းပျော့ပျော့၊ စွပ်ပြုတ်၊ ပါစတာခေါက်ဆွဲ စတဲ့ အစာပျော့ပျော့တွေကို စားနိုင်ပါတယ်။

●        အရည်များများ သောက်ပါ။

●        နှုတ်ပြီး 2 ရက်မြောက်ကနေစပြီး သွားစတိုက်နိုင်ပါပြီ။ ဒါပေမဲ့ သွေးခဲလေးတွေကို မတိုက်မိအောင် သတိပြုပါ။

●        အရောင်ကျပြီး အနာသက်သာစေဖို့ ဆရာဝန် ညွှန်ထားတဲ့ဆေးတွေကို ပုံမှန်သောက်သုံးသင့်ပါတယ်။

●        အဖျား တက်လာတာ၊ ဒါမှမဟုတ် နာတာ ရောင်တာ မသက်သာတာမျိုး ရှိလာခဲ့ရင် ဆရာဝန်ကို ဆက်သွယ်မေးမြန်းသင့်ပါတယ်။

 

>>    ရှောင်ရန်အချက်များမှာ -

●        ပိုက်နဲ့ စုပ်သောက်တာကို ရှောင်ပါ။ ဒီလို စုပ်သောက်ခြင်းအားဖြင့် ပိတ်နေတဲ့ သွေးခဲလေးတွေ ပြုတ်ထွက်လာပြီး အနာမကျက်တာမျိုး ဖြစ်လာနိုင်ပါတယ်။

●        ပလုတ်ကျင်းရာမှာလည်း ဆရာဝန် ခွင့်ပြုတဲ့အချိန်မှသာ ဆားငန်ရေလေးနဲ့ ညင်ညင်သာသာ ကျင်းပေးရပါမယ်။

●        မာကြွပ်ပြီး ကပ်စေးတတ်တဲ့ အစားအစာတွေဟာ အနာကို ပိုဆိုးစေတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

●        နောက်ဆုံးအနေနဲ့ အနာကျက်ခြင်းကို နှောင့်နှေးစေတတ်တဲ့ ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ကြဉ်ရပါမယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)