/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဥနီဖျော်ရည်သည်-စားချဥ့်ပြန်ရောဂါကို-ဟန့်တားနိုင်ပါသလား

ဥနီဖျော်ရည်သည် စားချဥ့်ပြန်ရောဂါကို ဟန့်တားနိုင်ပါသလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

            အစာအိမ်အတွင်းမှာရှိတဲ့ အက်ဆစ်တွေ အစာရေမျိုထဲသို့ ဆန်တက်လာတဲ့အခါမှာ ရင်ပူခြင်းကို စတင်ခံစားရနိုင်ပါတယ်။ သာမန်နေရထိုင်ရ အဆင်မပြေရုံမှစပြီး နာကျင်ခြင်းေ၀ဒနာ ခံစားရသည်အထိ ဖြစ်နိုင်ပါတယ်။ အချို့သော အစားအသောက်များကြောင့်လည်း အက်ဆစ်အထက်သို့ ဆန်တက်ခြင်းရောဂါကို ပိုမိုဆိုးရွားစေပါတယ်။ ဥနီကဲ့သို့ အစားအစာများကတော့ ဘေးဥပါဒ်မရှိတဲ့အပြင် ဥနီဖျော်ရည်မှာဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုပါ ပါ၀င်ပါတယ်။

 

1. ဥနီဖျော်ရည်၏ ကောင်းကျိုးများ

            ဖန်ခွက်တစ်၀က်ခန့် ဥနီဖျော်ရည်တစ်ခွက်မှာ 105 ကယ်လိုရီ၀န်းကျင်ပါ၀င်ပြီး ပိုတက်စီယမ်၊ ကယ်စီယမ်၊ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C၊ ဗီတာမင် E တို့အပြင် ဖောလိတ်ဓာတ်လည်း ကြွယ်၀စွာ ပါ၀င်ပါတယ်။

 

2. အက်ဆစ်ဓာတ်ကို ချေဖျက်နိုင်ခြင်း

            ဥနီဖျော်ရည်သည် သဘာ၀အယ်ကာလိုင်းပစ္စည်းတွေ ပါ၀င်တာကြောင့် ရင်ပူခြင်းကို ဖြစ်စေနိုင်တဲ့ ပိုလျှံနေတဲ့ အစာအိမ််အတွင်းမှ အက်ဆစ်ဓာတ်ကို ချေဖျက်နိုင်စွမ်း ရှိပါတယ်။ ဥနီဖျော်ရည်ဟာ အက်ဆစ်ဆန်တက်ခြင်းရောဂါ (စားချဥ့်ပြန်ရောဂါ) ရဲ့ ေ၀ဒနာတွေအားလုံးကို သက်သာပျောက်ကင်းနိုင်စွမ်း မရှိသော်လည်း ထိုရောဂါနဲ့ အထူးပင်သင့်တော်တဲ့ အာဟာရပြည့် ဖျော်ရည်တစ်မျိုးပင် ဖြစ်ပါတယ်။ ထို့ပြင် ရင်ပူခြင်းကို သက်သာစေရန် ပန်းသီး၊ သခွားသီးနဲ့ အခြားအက်ဆစ်ဓာတ် ပါ၀င်မှုနည်းတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း စားသုံးပေးနိုင်ပါတယ်။ ကဖိန်းဓာတ်မပါတဲ့ ဆေးမြစ်လက်ဖက်ရည်များ သောက်သုံးခြင်း၊ အက်ဆစ်ဓာတ်ကို ချေဖျက်ပေမယ့် အစာအိမ်ဆေးများ သောက်သုံးခြင်းဖြင့်လည်း ရောဂါေ၀ဒနာ သက်သာစေနိုင်ပါတယ်။

 

အက်ဆစ်အထက်သို့ ဆန်တက်ခြင်းရောဂါကို ပိုဆိုးစေနိုင်တဲ့အစားအစာများ

            ရှောင်ရှားသင့်တဲ့ အစားအစာတွေကတော့ အက်ဆစ်ပါ၀င်သော သစ်သီးနှင့်ဖျော်ရည်များ၊ ပူ၍စပ်သော အစားအစာများ၊ နို့နဲ့ နို့ထွက်ပစ္စည်းများ အပါအ၀င် အဆီပါ၀င်မှု မြင့်မားတဲ့အစားအစာများ၊ ခရမ်းချဉ်သီးနှင့် ခရမ်းချဉ်သီးဖြင့် ပြုလုပ်ထားသော အချဉ်ရည်များ၊ ချောကလက်၊ အရက်၊ ကဖိန်းပါ၀င်သော ဖျော်ရည်များ၊ ဂက်စ်ပါ၀င်သော ဖျော်ရည်များပဲ ဖြစ်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)