ဦးခေါင်းနောက်ပိုင်း နာကျင်ကိုက်ခဲတာ ရောဂါအခံတခုခုကြောင့်ပါ
ဦးခေါင်းနောက်ပိုင်း နာကျင်တာကိုက်တာ စူးအောင့်တာတွေက ထင်မထားလောက်အောင်ပြင်းထန်တဲ့ရောဂါတွေကြောင့် ဖြစ်နေတတ်ပါတယ်။
• ဦးခေါင်းနဲ့ လည်ပင်းမှာဒဏ်ရှိဘူးသူတွေဟာ နောက်စေ့ ခေါင်းတခြမ်းကိုက်ဝေဒနာ မကြာခဏ ခံစားရလေ့ရှိပါတယ်။
• အာရုံကြောတွေ ရောင်ရမ်းရင်လည်း မျက်လုံးအိမ် နဖူးနဲ့နောက်စေ့တွေ နာကျင်ပါတယ်။
• ခေါင်းတခြမ်းကိုက်ဝေဒနာဟာလည်း နောက်စေ့မှာ နာတတ်သေးတာပါပဲ။
• ရေခဲမုန့် စားပြီးတိုင်း နောက်စေ့မှာတဆစ်ဆစ်ထိုးကိုက်သူတွေရှိပါတယ်။
Bio Adult 1

• တနေ့တည်းမှာ အကြိမ်ကြိမ်ထပ်ခါထပ်ခါကိုက်တတ်တဲ့ ခေါင်းကိုက်တာဟာနောက်စေ့မှာပဲ ဖြစ်နေတတ်ပါသေးတယ်။
• စိတ်ဖိစီးလေ ဇက်တွေကုတ်ပိုးတွေ တင်းလာလေ နောက်စေ့မှာ ထိုးနာလာလေပါပဲ။
• ထိပ်ကပ်နာဆိုရင်လည်း နှာစေးချောင်းဆိုးအပြင် မျက်နှာနဲ့နောက်စေ့တွေ နာပါတယ်။
• လည်ပင်းနဲ့ဇက်နေရာမှာ ရေယုန်ပေါက်ရင်လည်း ခေါင်းနောက်စေ့မှာ အရမ်းနာပါတယ်၊
အပေါ်ကပြထားတာလေးတွေက သူ့ဟာသူကုသသက်သာသွားတတ်တဲ့ ရောဂါတွေပေမယ့် ဒီထက်စိုးရိမ်စရာတွေရှိသေးတယ်နော်။ အမြန်ဆုံး ဆေးရုံပြသကုသရမယ့်ရောဂါတွေကို ဖော်ပြပေးလိုက်ပါတယ်။
Bio Adult 2

• နောက်စေ့မှာအပြင်းအထန်ကိုက်ပြီးမခံမရပ်နိုင်အောင်နာတဲ့အခါ သွေးကြောကွဲအက်ရောဂါကြောင့်ဖြစ်နိုင်ပါတယ်။
• ဦးခေါင်းတွင်းသွေးယိုတဲ့အခါ မခံမရပ်နိုင်အောင်နာတဲ့အပြင် ခေါင်းမူးတာ ဆက်တိုက်ပျို့အန်တာ သတိလစ်တာတွေထိကြုံနိုင်ပါတယ်။
• ခေါင်းတွင်း ရောဂါပိုးကူးစက်တဲ့အခါ လည်ပင်းနဲ့ ဇက်မှာအကျိတ်တွေရောင်လာပြီး နောက်စေ့တွေနာပါတယ်။
• ဦးနှောက်အမြှေးရောင်ရောဂါကလည်းအလွန်ကြောက်စရာကောင်းတဲ့ နာကျင်ခြင်းပါ။ ဇက်တွေပါတောင့်တာပြီး အဖျားတွေတက်လာတာပါ။
• ဦးနှောက်အာရုံကြောတခုခုညပ်နေပိနေတဲ့အခါ အာရုံကြောထိခိုက်ပျက်စီးတာကြောင့် နောက်စေ့တွေနာလာတတ်ပါတယ်။
• နားထင်ကသွေးကြောတွေရောင်တဲ့အခါ နောက်စေ့မှာပါနာလာပါတယ်။ သွေးစီးဆင်းမှုထိခိုက်လာပြီး မခံမရပ်နိုင်အောင်နာတာပါ။
ပတ်ဝန်းကျင်အနေအထား အခြေအနေတွေကြောင့်လည်း နောက်စေ့နာတတ်ပါသေးတယ်။
• လေယာဉ်စီးတဲ့အခါ
• ချောင်းတရစပ်ဆိုးတဲ့အခါ
• နှလုံးသွေးကြောကျဉ်းတဲ့ပိတ်တဲ့အခါ
• လည်ပင်းကြွက်သားထိခိုက်ဒဏ်ရာရတာ
• လေထုဖိအားကျဆင်းသွားတာတွေကြောင့် ဖြစ်ပါတယ်။
ခွဲစိတ်ကုသဖို့ လိုအပ်တဲ့အခြေအနေတွေ တခြားရှားပါးတဲ့ရောဂါတွေ အာရုံကြောရောဂါဟော်မုန်းရောဂါတွေကြောင့်လည်း ဦးခေါင်းနောက်ပိုင်း နာကျင်တတ်ပါတယ်။
• ဦးနှောက်အကျိတ်တည်ခြင်း
• ပါကင်ဆန်ရောဂါ
• သွေးလွန်တုပ်ကွေး
• သိုင်းရွတ်ဟော်မုန်းပြင်းထန်လွန်ကဲရောဂါတွေဖြစ်နေတတ်တာမို့ ခေါင်းနောက်ပိုင်း နောက်စေ့နေရာ နာကျင်ကိုက်ခဲတဲ့အခါ ပေါ့မနေဘဲ အမြန်ပြသစစ်ဆေး ဆေးကုသမှုယူကြပါလို့ တိုက်တွန်းပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)




























