/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဦးနှောက်ကို-ငယ်ရွယ်နုပျိုအောင်-ထိန်းသိမ်းပေးမယ့်

ဦးနှောက်ကို ငယ်ရွယ်နုပျိုအောင် ထိန်းသိမ်းပေးမယ့် နည်းလမ်းကောင်းလေးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အသက်အရွယ်လေးရလာတာနဲ့အမျှ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းဖို့အတွက် အာဟာရပြည့်ဝအောင်စားခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုခြင်း စတဲ့ အချက်တွေနှင့် ကြိုးစားလေ့ရှိကြပါတယ်။ အလားတူပဲ ဦးနှောက်ဉာဏ်ရည် တိုးတက်စေဖို့အတွက် လိုက်နာလုပ်ဆောင်သင့်တာတွေလည်း ရှိပါသေးတယ်။ ကြည့်လိုက်ရအောင် -

(၁)  ကိုယ်လက်လှုပ်ရှားပါ
ကိုယ်ခန္ဓာ ကြံ့ခိုင်သန်မာသူတွေမှာ ပိုမိုထက်မြက်တဲ့ဦးနှောက်တွေ ရှိကြပါတယ်။ ပုံပျက်ပန်းပျက်ဝနေတဲ့သူတွေ ပြန်လည်ပိန်သွယ်ကြတဲ့အခါမှာ ဦးနှောက်ဉာဏ်ရည်လည်း ပြန်လည်ကောင်းမွန်လာတတ်ပါတယ်။

(၂)  ဦးနှောက်ကို အစာကျွေးပါ
ဦးနှောက်ကို အားဖြည့်ပေးမယ့်အစာများကို စားသုံးပေးပါ။ Anti-oxidants ကြွယ်ဝသော အစာများဖြစ်တဲ့ ပဲအမျိုးမျိုး၊ ဂျုံ၊ အစေ့အဆံ များများစားသုံးပေးပါ။ အသီးအရွက်နှင့် သစ်သီးများ နေ့စဉ်စားပေးပါ။

Enervon-C Adult 1

(၃)  ဦးနှောက်ကို အသုံးပြုပါ
အသက် ၃၀ ကျော်လာတာနှင့်အမျှ ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေ စတင်ကျဆင်းလာပါပြီ။ ဦးနှောက်ဟာ အမြဲလေ့လာသင်ယူနေရတဲ့ စက်တစ်လုံးဖြစ်တဲ့အတွက် အသက်ငယ်စဉ်ကလိုပဲ ဦးနှောက်ကို အလုပ်လုပ်နေအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။
ဦးနှောက်ကို ငယ်ရွယ်နုပျိုနေဖို့အတွက် ဂီတသင်ခန်းစာများကို လေ့လာခြင်း၊ စစ်တုရင်ကစားခြင်း၊ သင်္ချာတွက်ခြင်းစတဲ့ တွေးတောရသောလေ့ကျင့်ခန်းများကို လုပ်ဆောင်ပေးနိုင်ပါတယ်။

(၄)  စိတ်ကို အေးအေးထားပါ
ဦးနှောက်ကို လှုပ်ရှားတက်ကြွအောင်လုပ်ခြင်းက အရေးကြီးသလိုပဲ ဦးနှောက်ကို အေးအေးဆေးဆေးထားခြင်းကလည်း အလားတူ အရေးကြီးပါတယ်။ တရားထိုင်ခြင်း၊ ယောဂကစားခြင်းကဲ့သို့ စိတ်ငြိမ်းချမ်းစေမယ့် လှုပ်ရှားမှုများ ပြုလုပ်နိုင်ပါတယ်။

Enervon-C Adult 2

(၅) ဦးနှောက်ကို အနားပေးပါ
ဦးနှောက်ကို ငြိမ်သက်စေဖို့ အကောင်းဆုံးနည်းလမ်းကတော့ အိပ်စက်ခြင်း ဖြစ်ပါတယ်။ လေ့လာချက်များအရ နေ့လယ် တရေးအိပ်ထားသူများဟာ မအိပ်သူများထက်စာရင် ပဟေဠိများကို ၂ ဆ ဖြေဆိုနိုင်တယ်လို့ သိရပါတယ်။

(၆)  ရယ်မောပါ
ရယ်မောခြင်းဟာ ဦးနှောက်ကနေ နေထိုင်ကောင်းစေတဲ့ ဟိုမုန်းတွေကို ထွက်ပေါ်စေပြီး ဦးနှောက်ဉာဏ်ရည်ကို တိုးတက်စေနိုင်ပါတယ်။
လေ့လာချက်များအရ ဟာသဗီဒီယိုများကို ကြည့်ရှူလေ့ရှိသူများဟာ စိတ်ဖိစီးစေသောဟိုမုန်းများ နည်းပါးပြီး မှတ်ဉာဏ်ကောင်းမွန်တာ တွေ့ရပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)