/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဦးနှောက်အကျိတ်ကို-ခွဲစိတ်ဖယ်ထုတ်ပြီးတဲ့အခါ-စိတ်နေစိတ်ထားပါ

ဦးနှောက်အကျိတ်ကို ခွဲစိတ်ဖယ်ထုတ်ပြီးတဲ့အခါ စိတ်နေစိတ်ထားပါ ပြောင်းသွားနိုင်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       " သင်ဟာ သင် ထင်တာထက် ပိုမိုသန်မာပါတယ်.. လမ်းဆုံးပြီလို့ ထင်တဲ့အချိန်တိုင်းမှာ သင့်ခန္ဓာကိုယ်၊ နှလုံးသားနဲ့ ဦးနှောက်ဟာ ပိုမိုခိုင်မာ တောင့်တင်းတဲ့ အခြေအနေတစ်ခုအဖြစ် အသွင်ပြောင်းပြီး ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ် ဖန်တီးပေးပါတယ်။ ဒါကြောင့် ရောဂါကို အလွယ်တကူ ဦးမညွှတ်လိုက်ပါနဲ့ ... "

          ဦးနှောက်အကျိတ်တည်တာ ခွဲစိတ်ကုသမှု ခံယူရတဲ့အခါ အတိုင်းအတာတစ်ခုအထိ စိတ်ဖိစီးမှုဒဏ်နဲ့ စိတ်ဖိအားတွေကို ခံစားရတတ်ပါတယ်။

          ပထမဆုံးအနေနဲ့ ဦးနှောက်အကျိတ်တည်မှန်း သိလိုက်ရတဲ့အချိန်မှာ ခံစားရတဲ့ အကြီးအကျယ် တုန်လှုပ်မှုရယ်၊ ကုသမှုအဆင့်ဆင့် ခံယူတဲ့အခါ ဖြတ်သန်းရတဲ့ စိတ်ဖိစီးမှုရယ်၊ ကုသပြီးတဲ့အခါ နေထိုင်ရတဲ့ lifestyle အကူးအပြောင်းတွေဟာ လူတစ်ယောက်ကို အသစ်တစ်ယောက်အဖြစ် ပြောင်းသွားစေနိုင်ပါတယ်။

          အပြောင်းအလဲတွေဟာ လူတွေကို ရင့်ကျက်စေသလို ဦးနှောက်အကျိတ်တွေ ကိုယ်တိုင်ကလည်း ရင့်ကျက်ပြောင်းလဲစေပါတယ်။ ဒါမှမဟုတ် အပြုအမူပိုင်းဆိုင်ရာတွေ ဆိုးဝါးလာတဲ့ လူတစ်ယောက်အဖြစ် အသွင်ပြောင်းနေနိုင်ပါတယ်။

          ဒါပေမဲ့ ဦးနှောက်အကျိတ်တွေဟာ တည်နေရာကြောင့် ဘယ်လောက်ပဲ အပြုအမူပိုင်းဆိုင်ရာတွေ အပြောင်းအလဲ ဖြစ်ပါစေဦး။ ခံစားနာကျင်ရတဲ့ အကြောင်းအချက်အလက်နဲ့ စိတ်ဖိအားပမာဏပေါ် မူတည်ပြီး လူတွေဟာ ပိုမိုရင့်ကျက်သွားကြပါတယ်။

 

==========================================================

 

          ဦးနှောက်အကျိတ်ရှိမှန်း သိလိုက်ရတဲ့ ဦးရစ်ချတ်ဟာ အပြင်းအထန်ဖိစီးမှုကို ခံစားရပါတယ်။ သေလူလို့ သဘောထားလိုက်ပြီး မိမိကိုယ်မိမိ ဆက်လက် အသက်မရှင်ချင်လောက်အောင် ခံစားနာကျင်နေရပါတယ်။

          ကုသမှုအဆင့်ဆင့်ဟာ သူ့ကို မတူညီတဲ့ လူတစ်ယောက်အဖြစ် စတင်ပြောင်းလဲနေပါပြီ။

●        " လူတစ်ယောက်က ကျွန်တော့်ကို ဝင်တိုက်တဲ့အခါ အရင်လိုဆိုရင် ဒေါသထွက်တယ်၊ စိတ်တိုမယ်၊ တစ်ခုခု တုံ့ပြန်မိမယ် ... အခု ဘယ်လိုဖြစ်သွားလဲဆိုတော့ ဝင်တိုက်မိတဲ့သူမှာ အလောသုံးဆယ် တစ်ခုခုအကြောင်းရင်း ရှိရမယ်လို့ ထပ်တွေးမိလာတယ် ...

●        အရင်က အမျိုးသမီးနဲ့ မကြာခဏ ငြင်းခုံမိတယ် ... အခုတော့ သူမ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကို ဆုပ်ကိုင်ဖို့ ကြိုးစားတယ် ... နားလည်ပေးဖို့ မျှော်လင့်နေတယ် ...

●        ကိစ္စတွေကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရှင်းရမှ ကျေနပ်ဖူးတယ် ... အခုတော့ ဘေးကနေ ငြိမ်ငြိမ်လေး စောင့်ကြည့်ရတာကို ပိုပြီးအားသန်လာတယ် ... စကားပြောပုံတွေ ပြောင်းလိုက်တယ် ... အကောင်းဘက်က ပိုမိုတွေးပေးတတ်လာတယ် ... "

          ဦးနှောက်အကျိတ်တွေ ခွဲစိတ်မှုတွေဟာ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို သိသိသာသာ ပြောင်းနိုင်ကြောင်း သိပ္ပံပညာရှင်တွေက ထောက်ပြထားပေမယ့် လောကဓံနဲ့ စိတ်ဖိစီးမှုတွေဟာ အကျိတ်ကြောင့် ဦးနှောက်ပြောင်းလဲမှုတွေကို ကျော်လွန်ပြီး ပိုကောင်းတဲ့ ပိုရင်ကျက့်ပြီး ခံယူနိုင်စွမ်းရှိတဲ့ လူတစ်ယောက်အဖြစ်ကို ပြောင်းပေးနေနိုင်တာ ဖြစ်ပါတယ်။

          ဦးနှောက်အကျိတ် တည်တာကို သိလိုက်ရတာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်ကုသဖို့ ဆုံးဖြတ်တာတွေ ခွဲစိတ်မှုရဲ့ အပြောင်းအလဲတွေကို လက်ခံဖို့တွေအတွက် တကယ်ရင့်ကျက်ပြည့်ဝတဲ့ ကိုယ်အားဉာဏ်အားတစ်ခု လိုအပ်နေပါတယ်။ ဒီလိုအပ်ချက်ကို ခန္ဓာကိုယ်က အလိုအလျောက် ဖြည့်သွင်းပေးရင်း အားဖြည့်ပေးရင်း ပိုမိုသန်မာတဲ့ လူတစ်ယောက်အဖြစ် ပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)