/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဦးနှောက်အကျိတ်ရဲ့-လက္ခဏာတွေ

ဦးနှောက်အကျိတ်ရဲ့ လက္ခဏာတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မကြာခင်လေးတင်ကမှ လွှတ်တော်အမတ် ဂျွန်မက်ကိန်းတစ်ယောက် ဦးနှောက်ထဲက သွေးခဲကို ခွဲထုတ်ရာကနေ ဦးနှောက်အကျိတ် ဖြစ်နေတာကို သိလိုက်ရပါတယ်။ ခွဲစိတ်မှုကလည်း ဦးနှောက်အကျိတ်တိုင်းကို ရောဂါရှာလို့မရနိုင်သလို ခေါင်းကိုက်တိုင်းလည်း ဦးနှောက်အကျိတ် မဟုတ်ပါဘူး။ ခေါင်းကြီး တောက်လျှောက်ခဲနေတယ်ဆိုရင် ဖြစ်နိုင်ပေမယ့် တစ်ခါတစ်ခါ ကိုက်တာလောက်ကတော့ မဖြစ်နိုင်ပါဘူး။

          များသောအားဖြင့် ဦးနှောက်အကျိတ်ကို လေဖြတ်တာနဲ့ မှားတတ်ကြပါတယ်။ ရုတ်တရက်ကြီး တက်တာ၊ ရုတ်တရက်ကြီး လက်တွေ၊ ခြေတွေ ထုံလာတာတွေနဲ့လည်း လာနိုင်ပါတယ်။

          လူနာတွေဟာ အမြင်တစ်ခြမ်း ပျောက်သွားတာ၊ ကိုယ်တစ်ခြမ်းမှာ ဖြစ်ပျက်နေတာတွေကို ဘာမှမသိတော့တာမျိုးနဲ့ လာတတ်တယ်။ များသောအားဖြင့် ကားမောင်းရင် တစ်ခြမ်းကို လုံးဝမသိဘူးဆိုပြီး လူနာရှင်တွေ ပြောတတ်ကြတယ်။

          စိတ်နေစိတ်ထား၊ ကိုယ်ရည်ကိုယ်သွေးတွေ ပြောင်းလဲလာတာဟာ လေဖြတ်တာမှာရော၊ ဦးနှောက်အကျိတ်မှာရော ဖြစ်နိုင်ပါတယ်။ ဦးနှောက်ရှေ့ဆုံးအခြမ်းကို ထိခိုက်မိရင် ရတတ်တယ်။ လူနာဟာ ပိုပိုပြီး စိတ်အလိုလိုက်လာတာ၊ မှိုင်တွေနေတာမျိုးတွေ ဖြစ်တတ်တယ်။ စိတ်အခြေအနေကလည်း အတက်အကျ အရမ်းမြန်ပြီး ဘာမဟုတ်တာလေးနဲ့ အော်ဟစ်ငေါက်ငမ်းလာတတ်တယ်။

          လေဖြတ်တာနဲ့ ဦးနှောက်အကျိတ်နဲ့ဟာ လာတတ်တဲ့လက္ခဏာတွေ တူပေမယ့် ရောဂါလက္ခဏာပေါ်လာပုံ အချိန်မတူကြပါဘူး။ လေဖြတ်တဲ့အခါ လက္ခဏာတွေဟာ မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း ရုတ်တရက်ကြီး ပေါ်လာတတ်ပေမယ့် ဦးနှောက်အကျိတ်ကတော့ တဖြည်းဖြည်းချင်း ပေါ်လာတတ်လို့ တော်ရုံသတိမထားမိလိုက်ကြပါဘူး။ လူတွေက ဒီလက္ခဏာတွေကို ပေါ့ပေါ့တန်တန် သဘောထားတတ်ကြပါတယ်။

          ဒီလိုလက္ခဏာတွေဟာ သတိထားရမယ့် လက္ခဏာတွေဖြစ်ပြီး ရက်ပိုင်းအတွင်း ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။ ဆရာဝန်နဲ့ပြပြီး ရောဂါရှာဖို့ လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ပေးလု့ိရပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)