/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဦးနှောက်အကျိတ်-ဖြစ်နေပြီလို့-သေချာပေါက်-ပြောနိုင်တဲ့အချက်-၈-ချက်

ဦးနှောက်အကျိတ် ဖြစ်နေပြီလို့ သေချာပေါက် ပြောနိုင်တဲ့အချက် (၈) ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကိုယ့်ဦးနှောက်ထဲမှာ မူမှန်မဟုတ်တဲ့ အကျိတ်တစ်ခု တည်လာတဲ့အခါ ခန္ဓာကိုယ်က ဘယ်လိုလေးတွေ သတိပေးတတ်သလဲ ကြည့်ကြရအောင်။

●        နေ့စဉ် ခေါင်းကိုက်ရောဂါ စွဲကပ်နေခြင်း - ဘာဆေးသောက်သောက် မပျောက်တဲ့ ခေါင်းကိုက်ရောဂါဟာ တစ်ခုခု စစ်ဆေးကြည့်ဖို့ လိုတယ်ဆိုတာ ပြသနေပါတယ်။ မနက်စောစောထချိန်မှာ ကိုက်တတ်တာ ဖြစ်ပါတယ်။

●        မျက်လုံးတစ်ဖက် တဖြည်းဖြည်း ကွယ်သွားခြင်း - ပစ်ကျူထရီ အကျိတ်တွေဟာ မျက်လုံးအာရုံကြော အညှာကို ပိတဲ့အတွက် မျက်လုံး ကွယ်သွားတတ်ပါတယ်။

●        တစ်ချိန်လုံး ပျော့ခွေခြင်း - ကိုယ်လက်လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းမှာ အကျိတ်တည်တဲ့အခါ တစ်ကိုယ်လုံး ပျော့ခွေလာပါတယ်။

●        ဦးနှောက်ရှေ့ပိုင်း သို့မဟုတ် နားထင်မှာဖြစ်တဲ့ ကင်ဆာတွေမှာ ဆိုရင် စကားပြောရတာ စတင်ခက်ခဲလာပါတယ်။ ဦးနှောက်တွင်း စကားပြောစင်တာတွေကို ထိခိုက်ဖိမိနေတဲ့အတွက်ပါ။

●        စိတ်ဓာတ်ကျတယ်၊ ဒေါသကြီးတယ်၊ စိတ်ကစဥ့်ကလျားဖြစ်တယ်။ အလွန်အကျွံ တုန့်ပြန်တယ်။ မျှမျှတတ မတွေးခေါ်နိုင်တော့ဘူး ဆိုတာတွေက ဦးနှောက်တွင်းအကျိတ်တည်နေလို့ ဖြစ်နိုင်ပါတယ်နော်။

●        နားထဲမှာ တအုံးအုံး မြည်နေခြင်း၊ နားအကြား လျော့လာခြင်းကလည်း ဦးနှောက်အကျိတ်တည်လို့ ဖြစ်နေတတ်တယ်နော်။

●        ပစ်ကျူထရီ အကျိတ်တွေမှာဆိုရင် ဟော်မုန်း အလွန်အကျွံထုတ်တာကြောင့် တခြားဟော်မုန်းအထွက်တွေ နည်းသွားပြီး ကလေးမရနိုင်တော့တာတွေ တွေ့ရပါတယ်။

●        ဒါ့အပြင် မိမိကိုယ်နေဟန်ထားကို မထိန်းနိုင်တော့ဘူး။ ဟန်ချက်မညီတာတွေက ဦးနှောက်အညှာမှာ အကျိတ်တည်နေတာတွေ ဦးနှောက်တွင်း မျှခြေကို ထိန်းချုပ်တဲ့နေရာတွေ ထိခိုက်နေလို့ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)