၀မ်းပျက် ၀မ်းလျှော
၀မး်လျှော ၀မ်းပျက်ခြင်းဟာ လူတိုင်းနဲ့ မကင်းနိုင်ပါဘူး..ကျွန်တော်တို့အားလုံး ဘ၀မှာ တစ်ကြိမ် နှစ်ကြိမ်တော့ ဖြစ်ဖူးကြတာချည်းပါပဲ..
ဒါပေမယ့် ကိုယ်ဖြစ်နေတာက ၀မ်းလျှောတာလား ကာလ၀မ်းရောဂါလား ဆိုတာကိုတော့ ကွဲကွဲပြားပြားသိထားဖို့လိုပါတယ်...
ဘာလို့လဲဆိုတော့ အရေးကြီးပုံခြင်းမတူကြလို့ပါ..
ဒါ့အပြင် ၀မး်လျှောနေစဉ်မှာ ဘယ်လို အစားအသောက်တွေကို ရှောင်သင့်လဲ...ဘယ်လို အစားအသောက်မျိုးတွေကို စားပေးသင့်သလဲဆိုတာကိုလည်း သိထားသင့်ပါတယ်။
ဒီအကြောင်းအရာတွေကို အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာအထူးကုဆရာ၀န်ကြီး တွဲဖက်ပါမောက္ခ Dr. ဒေါ်ခင်စန်းအေးက Dr Myanmar ကျန်းမာရေး ၀က်ဘ်ဆိုက်ရဲ့ " အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ" အစီအစဉ်ကတဆင့် အခုလို ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။






























