/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/၀အောင်ဘယ်လိုလုပ်မလဲ

၀အောင်ဘယ်လိုလုပ်မလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကိုယ်အလေးချိန်တက်ဖို့အတွက် အာဟာရပြည့်ဝတဲ့အစားအစာများ စားသုံးခြင်းနှင့်ကြွက်သားထုတက်စေမယ့် လေ့ကျင့်ခန်းများပြုလုပ်ခြင်းက အဓိကအရေးပါတဲ့ အချက်နှစ်ခုဖြစ်စေမယ့် ဝိတ်တက်အောင်ပြုလုပ်ရာမှာပိုမိုမြန်ဆန်စေမယ် လွယ်ကူတဲ့နည်းလမ်းလေးတွေရှိပါတယ်။

- အစာမစားမီရေသောက်ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။ အစားမစာမီရေသောက်ခြင်းက အစာအိမ်ကိုပြည့်အင့်စေတာကြောင့် ဖြစ်ပါတယ်။

- နည်းနည်းချင်းစီဖြင့် မကြာခဏစားပေးပါ။

- နွားနို့သောက်ပါ။ မလိုင််အပြည့်ပါတဲ့ နွားနို့က ရေငတ်ပြေစေသလို လိုအပ်တဲ့အသားဓာတ်နှင့် ကယ်လိုရီတွေကို ရရှိစေမှာအမှန်ပါဘဲ။ လိုအပ်ပါက ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် ကယ်လိုရီတွေကြွယ်ဝစွာပါဝင်တဲ့ ကိုယ်အလေးချိန်တိုးဖို့ ဖျော်ရည်တွေ သောက်သုံးနိုင်ပါတယ်။ ပန်ကန်ပြားကြီးကြီးဖြင့်ထည့်စားပါ။ ပန်ကန်အကြီးကြီးကိုအသုံးပြုတာကြောင့် အစားအစာတွေကို ပိုထည့်မိပြီး များများစားမိနိုင်လို့ပါ။ သောက်နေကျကော်ဖီထဲကို မလိုင်ထည့်သောက်ခြင်းကလည်း ကယ်လိုရီတွေကို ပိုမိုရရှိစေတဲ့နည်းလမ်းတစ်ခုပါဘဲ။

-         ကြွက်သားတည်ဆောက်ရာမှာ အထောက်အကူပြုတဲ့ဖြည့်စွက်ဆေးတွေကလည်း ကိုယ်အလေးချိန်တက်အောင် ပြုလုပ်ရာမှာကူညီပေးနိုင်ပါတယ်။

- အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးဝဝ အိပ်ခြင်းက ကြွက်သားကြီးထွားဖွ့ံဖြိုးဖို့အတွက် အလွန်အရေးပါပါတယ်။

- အစာစားရာမှာလည်း ပရိုတင်းကို ဦးစွာရွေးချယ်စားသုံးပြီး အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တွေကို နောက်ဆုံးမှ စားပါ။

- ဆေးလိပ်မသောက်ပါနှင့်။

        ခန္ဓာကိုယ်ထဲဟာ ကိုယ်အလေးချိန်တစ်ခုမှာ အသားကျနေတဲ့အချိန်မျိုးမှာ အချို့သောလူတွေအတွက် ကိုယ်အလေးချိန်တက်အောင်ပြုလုပ်ရာမှာဖြစ်စေ၊ အလေးချိန်ကျအောင်ပြုလုပ်ရာမှာဖြစ်စေ အမှန်ပင်ခက်ခဲမှုရှိနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်အလေးချိန်ကိုပြောင်းလဲအောင်ကြိုးစားနေချိန်မှာ ခန္ဓာကိုယ်ကလည်း ဆာလောင်မှုနှုန်းနှင့် ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိခြင်းဖြင့် ပြောင်းလဲမှုတွေကို တောင့်ခံနေတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် leptin ကဲ့သို့သော အလေးချိန်ကို ထိန်းညှိပေးရာမှာအရေးပါတဲ့ဟော်မုန်း စတာတွေမှာ မူတည်နေတာကြောင့် ကိုယ်မျှော်မှန်းထားတဲ့အလေးချိန်ရောက်စဉ်အထိ စိတ်ရှည်ရှည်ထားပြီး ပုံမှန်လုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com