/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/၀ိတ်ကျဖို့-အဆာခံကြည့်ကြမလား

၀ိတ်ကျဖို့ အဆာခံကြည့်ကြမလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မကြာခဏ အဆာခံခြင်းဖြင့် ဝိတ်ပိုကျစေသလား…

          လတ်တလော သုတေသနတွေအရ အဆာခံကြည့်တာက အဝလွန်နေသူတွေအတွက် ကယ်လိုရီနည်းပါးတဲ့ အစားအစာစားတာထက် ပိုမိုအကျိုးရှိဝိတ်ကျစေတယ်ဆိုတာ လက်ခံထားကြပါတယ်။

          အဆာ ခံခြင်းကြောင့် အဆီလောင်ကျွမ်းစေတဲ့ဟော်မုန်းတွေကို များပြားလာစေပါတယ်၊

•        အင်ဆူလင်ဟော်မုန်းဟာ ဇီဝရုပ်ဖြစ်ပျက်မှုမှာပါဝင်ပြီး အဆီချေဖျက်မှုကိုတားဆီးပါတယ်။ အဝလွန်တာဆီးချိုရောဂါ နှလုံးရောဂါနဲ့ကင်ဆာတွေနဲ့ဆက်စပ်လျက်ရှိပါတယ်။ အဆာခံခြင်းဖြင့် အင်ဆူလင်ပမာဏကို ၂၀ ကနေ ၃၁ရာခိုင်နှုန်းထိကျဆင်းစေပါတယ်။

•        ကြီးထွားဟော်မုန်းက အဆီချေဖျက်မှုကိုအားပေးပါတယ်။ အဆာခံခြင်းဖြင့် ကြီးထွားဟော်မုန်းပမာဏ ငါးဆလောက်တက်သွားပါတယ်။

•        စိတ်ဖိအားဟော်မုန်းက အဆီဆဲလ်တွေကိုလောင်ကျွမ်းဖို့တွန်းအားပေးပါတယ်။

          အကြာကြီး အဆာခံခြင်းဖြင့် ကိုယ်တွင်း လုပ်ငန်းဆောင်တာတွေနှေးကွေးသွားပြီး အားယုတ်လာပါတယ်။ ခဏတာအဆာခံလိုက်တာက တော့ ဆန့်ကျင်ဖက်တွေပါ။ ဇီဝရုပ်ဖြစ်ပျက်မှုတွေမြန်ဆန်သွက်လက်လာပြီး အဆီဆဲလ်တွေ အင်တိုက်အားတိုက် ကျေပျက်စေပါတယ်။

          ကယ်လိုရီ တွက်ချက်စားသောက်တာက ထင်ထားလောက်အောင် အကျိုးကျေးဇူးရနိုင်တာကို လက်ခံထားကြပါတယ်။

          ပြဿနာက အဆီရော အသားရောကျသွားတာ ဖြစ်ပါတယ်။

          အဆာခံတာကတော့ အဆီလေးတင်သက်သက်ကျဖို့ အာမခံနိုင်တဲ့အတွက် အသားကျစ်လာပါတယ်။ ဒီတော့ ပိန်သွားတဲ့အခါ အဆီတွေကျပြီးအသားကျစ်ကျစ်လေး ကျန်နေစေတာဖြစ်ပါတယ်။

•        မနက်စာ စားပြီးရင် နေ့လယ်စာ ကို ၁နာရီ လောက်မှစားမယ်

•        ညစာကို တစ်ရက်လောက်ရှောင်မယ်

•        တပတ်ကိုနှစ်ရက်လောက်ပဲ လျှော့ချအဆာခံစားပြီး ကျန်ရက်တွေမှာပုံမှန်စားသုံးမယ်။ (ပိုစားလို့တော့ မရဘူးနော် ;-) )

          ကြိုကြားအဆာခံခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးတွေကတော့ ဖော်ပြထားသလိုပါပဲ။ မိမိနဲ့အဆင်ပြေတဲ့ပုံစံကို ဆရာဝန်နဲ့တိုင်ပင်ဆောင်ရွက်ကြည့်ပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar)