/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/5-10-မိနစ်ခန့်ပြေးခြင်းကလည်း-နှလုံးကျန်းမာရေးအတွက်ကောင်း

5-10 မိနစ်ခန့်ပြေးခြင်းကလည်း နှလုံးကျန်းမာရေးအတွက်ကောင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        နေ့စဉ် မိနစ်အနည်းငယ်ပြေးပေးရုံနဲ့ နှလုံးကျန်းမာရေးကိုကောင်းမွန်စေကြောင်း လေ့လာမှုများအရ သိရှိခဲ့ရပါတယ်။ သုတေသီများ၏ လေ့လာချက်များအရ ပြေးခြင်းဖြင့်နှလုံးရောဂါကြောင့်သေဆုံးခြင်းကို 4.5% အထိ၊ အခြားရောဂါများကြောင့် သေဆုံးခြင်းကို 30% ထိလျှော့ချပေးနိုင်ပြီး ပြေးသောအလေ့အကျင့် ရှိသူများသည် အခြားသူများထက် ပျမ်းမျှအားဖြင့် သုံးနှစ်သက်တမ်းပိုရှည်ကြောင်းတွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေရှိတဲ့ ဆေးလိပ်သောက်သူ၊ အ၀လွန်သူ၊ ဆီးချို သွေးချိုရောဂါရှိသူတွေ ဟာ ပြေးတဲ့အလေ့အကျင့်ကို ပျိုးထောင်သင့်ပါတယ်။

 

        ပြေးခြင်းကြောင့်သွေးပေါင်ချိန်ကိုကျစေပြီး ခန္ဓာကိုယ်မှ Glucose ထုတ်လုပ်ခြင်းကို လျော့ကျစေနိုင် ပါတယ်။ ဒါ့အပြင် သွေးကြောများ၏ အတွင်းပိုင်းအလွှာများထိ ကောင်းမွန်စေပြီးလေဖြတ်ခြင်းနှင့် နှလုံး တိုက်ခိုက်ခံရခြင်း (Heart Attack) တို့ကိုလျော့နည်းစေပါတယ်။ ဒါ့ကြောင့် တစ်နေ့မှာ 5-10 မိနစ်နဲ့ စုစုပေါင်းတစ်ပတ်ကိုမိနစ် 50 ထက်မနည်းပြေးပေးပါက နှလုံးကျန်းမာရေးကိုပိုမိုကောင်းမွန်လာစေပြီး အရွယ်မတိုင်မီ သေဆုံးမှုနှုန်းကို လျော့ချနိုင်မှာဖြစ်ပါတယ်။

 

 

Dr. Htet Htet Aung

www.drmyanmar.com