COVID-19 ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဖို့ အဝတ်နှာခေါင်းစည်း mask တပ်ဆင်ကြရန် CDC မှ အမေရိကန်များအား တိုက်တွန်း
ကျန်းမာရေးဝန်ထမ်းမဟုတ်သူများ နှာခေါင်းစည်း mask မတပ်ဆင်ကြရန် ညွှန်ကြားပြီး နောက်တစ်ရက်မှာပဲ အမေရိကန်သမ္မတ Trumps က လူများအား ရိုးရိုးအဝတ်နှာခေါင်းစည်း mask တပ်ဆင်ကြပါရန် တိုက်တွန်းလိုက်ပါတယ်။
ဒါပေမဲ့ လုပ်ချင်မှလည်းလုပ်ပါ။ ကျွန်တော်ကတော့ မတပ်ဘူးလို့ ဆိုလိုက်တာကြောင့် အမေရိကန်တစ်နိုင်ငံလုံးကို ညွှန်ကြားချက်လိုက်နာဖို့ အားလျော့သွားစေပါတယ်။
သောကြာနေ့မှာ ကမ္ဘာ့ကျန်းမာရေးဌာန CDC က ထုတ်ပြန်တဲ့သတင်းအရ corona virus ရှိသူ အများစုဟာ ရောဂါလက္ခဏာမပြဘဲ၊ ရောဂါလက္ခဏာပြရင်တောင် တဖြည်းဖြည်းချင်းပြပြီး လာတတ်တာကြောင့် ဈေးဝယ်တာ၊ ဆေးဝယ်တာလိုမျိုး မဖြစ်မနေ အပြင်ထွက်ရတဲ့အခါမျိုးမှာ အဝတ်နှာခေါင်းစည်း mask တပ်ဆင်ဖို့ အားပေးထားပါတယ်။
ကျန်းမာရေးအဆင့်မီ mask တွေ ဈေးကွက်မှာ ရှားပါးလာတဲ့အခါ ရိုးရိုးအဝတ် mask နဲ့ ပတ်သက်လို့ ထုတ်ပြန်မှုတွေ ထွက်ပေါ်လာပါတယ်။ တကယ့်အဆင့်မီ နှာခေါင်းစည်း mask တွေဟာ တကယ်လိုအပ်တဲ့ ဆေးပညာကျန်းမာရေးဝန်ထမ်းတွေသုံးဖို့ ဦးစားပေးရမှာမို့ အပြင်ခဏထွက်ရမယ့်လူတွေကို အဝတ်နှာခေါင်းစည်း စည်းဖို့ စဉ်းစားကြပါတယ်။
ကြာသပတေးနေ့က ပြုလုပ်တဲ့ ဟောပြောပွဲမှာ Dr. Deborah Birx က အခုလို အဝတ်နှာခေါင်းစည်း စည်းစေခြင်းဟာ အပြီးအပိုင် ကာကွယ်တာမဟုတ်တဲ့အတွက် ဒီသတင်းကို ထုတ်ပြန်ဖို့ အင်မတန် စဉ်းစားခဲ့ရတယ်လို့ ဆိုပါတယ်။ တကယ်တော့ အပြင်မထွက်၊ လူတွေနဲ့ ခွာနေခြင်းက အကောင်းဆုံးဖြစ်ပြီး မထွက်မနေထွက်မှသာ တပ်စေဖို့၊ နှာခေါင်းစည်း တပ်ထားတာပဲ ရောဂါကာကွယ်ပြီးသားပဲဆိုပြီး မပေါ့ဆဖို့ ပြောပါတယ်။
လေ့ာစ်အင်ဂျလိစ်နဲ့ ပန်ဆိုင်ဗီနီးယားမြို့တော်ဝန်တွေကလည်း ပုံမှန်နှာခေါင်းစည်း mask တွေကို ဆေးရုံတွေဆီသာ ပို့ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ PPE မဝတ်နိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အကာအကွယ် လိုချင်သူတွေအတွက် လက်ချုပ်နှာခေါင်းစည်းတွေ လုပ်နေကြပါပြီ။
နှာခေါင်းစည်းစည်းတာဟာ ရိုးရိုးအချိန်မှာတောင် ဂျပန်တို့၊ တရုတ်တို့မှာ လုပ်ရိုးလုပ်စဉ်ဖြစ်ပေမယ့် အနောက်နိုင်ငံတွေမှာတော့ တော်တော်အဆင်မပြေပါဘူး။
အမေရိကန်နိုင်ငံ ပြည်သူ့ကျန်းမာရေးဌာန အကြီးအကဲဖြစ်သူ Jerome Adams ကတော့ ပြည်သူလူထုကို mask တွေ ဝယ်မစုထားကြပါနဲ့။ Mask ကို တကယ်လိုအပ်တဲ့ လူနာနဲ့ထိတွေ့နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ ပြတ်လတ်ခဲ့ရင် အားလုံးဒုက္ခရောက်ကုန်မယ်လို့ တွစ်တာစာမျက်နှာမှာ ဆိုခဲ့ပါတယ်။
အဝတ်နှာခေါင်းစည်းဟာ ခွဲခန်းသုံးနှာခေါင်းစည်းလို ကာကွယ်မှုမပေးနိုင်ပေမယ့် ဘာမှမတပ်ထားတာထက်စာရင် တော်ပါသေးတယ်။ ၂၀၁၃ မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အဝတ် mask တွေဟာ နောက်ဆုံးလက်နက်ပါတဲ့။ ဘာမှမကာကွယ်တာထက်စာရင် ပိုစိတ်ချရတယ်လို့ ဆိုပါတယ်။
ကမ်းဘရစ်ချ်တက္ကသိုလ်က ပြုလုပ်တဲ့ ဒီလေ့လာမှုမှာ ခွဲခန်းသုံး mask ဟာ ပိုးမွှားအမှုန်အမွှားတွေကို ၃ ဆ ပိုကာကွယ်နိုင်တယ်ဆိုပေမယ့် အဝတ် mask ရော၊ ခွဲခန်းသုံး mask ရောဟာ ရောဂါကူးစက်မှုကို သိသိသာသာ လျော့နည်းစေနိုင်တယ်လို့ ဆိုပါတယ်။ အဝတ် mask ကိုတော့ သုံးပြီးရင် ပြန်ပြန်လျှော်ပေးဖို့ လိုအပ်ပါတယ်။
ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူတွေ အထူးဦးစားပေး သတိပေးကြတာကတော့ mask တပ်ထားတယ်ဆိုတာဟာ ကျန်တဲ့ကာကွယ်နည်းတွေကို လျော့ချနိုင်တဲ့သဘော မဟုတ်ပါဘူးတဲ့။ ကာကွယ်နည်းတွေအားလုံးကိုလည်း သတိရှိရှိ ပြုလုပ်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























