/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/covid-19-ရဲ့-ထူးခြားသော-ရောဂါလက္ခဏာများ-သို့-ဗိုက်နာခြင်းဟာလည်း

Covid-19 ရဲ့ ထူးခြားသော ရောဂါလက္ခဏာများ (သို့) ဗိုက်နာခြင်းဟာလည်း Covid-19 ရဲ့လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

Covid-19 ရောဂါဟာ တစ်ကမ္ဘာလုံးကို ပျံ့နှံလာတာနဲ့အမျှ အစိုးရနဲ့ ဆရာဝန်တွေက Covid-19 ရဲ့ လက္ခဏာတွေဖြစ်တဲ့ ချောင်းခြောက်ဆိုးတာနဲ့ အဖျား ၁၀၀°F ကျော်တာကို သတိထားဖို့ ထုတ်ပြန်နေကြပါတယ်။
ဒါပေမဲ့ UK တစ်ဝှမ်းက ဆေးရုံတွေဟာ Covid-19 လူနာတွေမှာ လက္ခဏာအသစ်တွေကို တွေ့လာရပါတယ်။ ဗိုက်နာတာကလည်း သူ့ရဲ့လက္ခဏာတစ်ခု ဖြစ်နိုင်လို့ လူတွေကို သတိထားကြဖို့ ပြောဆိုလိုက်ပါတယ်။
ပြည်သူ့ကျန်းမာရေး ဒါရိုက်တာက ဆေးရုံတွေမှာ corona virus ပိုးတွေ့ရှိတဲ့ လူနာတချို့ဟာ တခြားဘာလက္ခဏာမှမပြဘဲ ဗိုက်အောင့်တာတစ်ခုပဲရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
တချို့လူနာတွေကတော့ ဗိုက်အရင်အောင့်ပြီး မကြာခင် ဖျားတာ၊ ချောင်းဆိုးတာနဲ့ အသက်ရှူကြပ်တဲ့လက္ခဏာတွေ စလာတာ တွေ့ရှိရပါတယ်။
American အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဂျာနယ်တစ်စောင်မှာတော့ လူနာတွေဟာ အစာအိမ်လမ်းကြောင်းဆိုင်ရာပြဿနာတွေ ခံစားရနိုင်ပြီး ဝမ်းပျက်တာလည်း ခံစားရနိုင်တယ်လို့ ဆိုပါတယ်။
ဟူပေးပြည်နယ်မှာ လူ ၂၀၄ ယောက်ကို လေ့လာချက်အရ ၄၈.၅% သော လူနာတွေဟာ အစာအိမ်ပြဿနာ၊ အစာမကြေတာမျိုးနဲ့ လာတယ်လို့ တွေ့ရပါတယ်။ အန်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာမျိုးတွေလည်း ပါတယ်လို့ ဆိုပါတယ်။

Bio Adult 1

ကျွမ်းကျင်သူတွေရဲ့အဆိုအရ အဆုတ်ရဲ့အောက်ခြေမှာ ယောင်လာတဲ့အခါ ကပ်ရပ်ရှိနေတဲ့ ရင်ခေါင်းအမြှေးပါးကိုသွားပြီး ထိခိုက်သလို ဖြစ်တာကြောင့် ဗိုက်နာတဲ့ဝေဒနာကို ခံစားရတာ ဖြစ်ပါတယ်တဲ့။
ရောဂါတွေ့ရှိတဲ့လူတွေ များလာလေ ပုံမှန်သိထားတဲ့ ဖျားတာနဲ့ ချောင်းခြောက်ဆိုးတာတင်မကဘဲ တခြားလက္ခဏာတွေနဲ့ လာတာကို တွေ့ရများလေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုက်နာတဲ့လက္ခဏာနဲ့ လာတဲ့လူတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ လုံးဝမပြတာများတယ်လို့ သိရပါတယ်။
အသက်ငယ်တဲ့လူနာတွေက ဝမ်းဗိုက်ပြဿနာနဲ့ လာတာများပြီး အသက်ကြီးတဲ့လူနာတွေမှာတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေ တွေ့ရများတယ်လို့ Hirsh က ဆိုပါတယ်။
ဒါကြောင့်မို့ ပျို့အန်၊ ဝမ်းလျှော၊ ဖျားတာတွေနဲ့လာရင် ရိုးရိုးဝမ်းပျက်တာ၊ တုပ်ကွေးဖြစ်တာလို့ ပေါ့ပေါ့လေး မတွေးကြဖို့ လူထုကို သတိပေးထားပါတယ်။
နောက် တခြားတွေ့ရတဲ့လက္ခဏာတွေကတော့ အိပ်ရာကနေ မထနိုင်တာ၊ အနံ့၊ အရသာ မရတော့တာ၊ ခေါင်းကိုက်တာ၊ နှာစေးတာ၊ မျက်လုံးနီတာမျိုးတွေ ဖြစ်ပါတယ်။

Dr. Htar (www.drmyanmar.com)

Bio Adult 2

(Zawgyi)

Covid-19 ေရာဂါဟာ တစ္ကမာၻလုံးကို ပ်ံ႕ႏွံလာတာနဲ႔အမွ် အစိုးရနဲ႔ ဆရာဝန္ေတြက Covid-19 ရဲ႕ လကၡဏာေတြျဖစ္တဲ့ ေခ်ာင္းေျခာက္ဆိုးတာနဲ႔ အဖ်ား ၁၀၀°F ေက်ာ္တာကို သတိထားဖို႔ ထုတ္ျပန္ေနၾကပါတယ္။
ဒါေပမဲ့ UK တစ္ဝွမ္းက ေဆး႐ုံေတြဟာ Covid-19 လူနာေတြမွာ လကၡဏာအသစ္ေတြကို ေတြ႕လာရပါတယ္။ ဗိုက္နာတာကလည္း သူ႔ရဲ႕လကၡဏာတစ္ခု ျဖစ္ႏိုင္လို႔ လူေတြကို သတိထားၾကဖို႔ ေျပာဆိုလိုက္ပါတယ္။
ျပည္သူ႔က်န္းမာေရး ဒါ႐ိုက္တာက ေဆး႐ုံေတြမွာ corona virus ပိုးေတြ႕ရွိတဲ့ လူနာတခ်ိဳ႕ဟာ တျခားဘာလကၡဏာမွမျပဘဲ ဗိုက္ေအာင့္တာတစ္ခုပဲရွိတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။
တခ်ိဳ႕လူနာေတြကေတာ့ ဗိုက္အရင္ေအာင့္ၿပီး မၾကာခင္ ဖ်ားတာ၊ ေခ်ာင္းဆိုးတာနဲ႔ အသက္႐ွဴၾကပ္တဲ့လကၡဏာေတြ စလာတာ ေတြ႕ရွိရပါတယ္။
American အစာအိမ္နဲ႔ အူလမ္းေၾကာင္းဆိုင္ရာ ဂ်ာနယ္တစ္ေစာင္မွာေတာ့ လူနာေတြဟာ အစာအိမ္လမ္းေၾကာင္းဆိုင္ရာျပႆနာေတြ ခံစားရႏိုင္ၿပီး ဝမ္းပ်က္တာလည္း ခံစားရႏိုင္တယ္လို႔ ဆိုပါတယ္။
ဟူေပးျပည္နယ္မွာ လူ ၂၀၄ ေယာက္ကို ေလ့လာခ်က္အရ ၄၈.၅% ေသာ လူနာေတြဟာ အစာအိမ္ျပႆနာ၊ အစာမေၾကတာမ်ိဳးနဲ႔ လာတယ္လို႔ ေတြ႕ရပါတယ္။ အန္တာ၊ ဗိုက္ေအာင့္တာ၊ ဝမ္းေလွ်ာတာမ်ိဳးေတြလည္း ပါတယ္လို႔ ဆိုပါတယ္။
ကြၽမ္းက်င္သူေတြရဲ႕အဆိုအရ အဆုတ္ရဲ႕ေအာက္ေျခမွာ ေယာင္လာတဲ့အခါ ကပ္ရပ္ရွိေနတဲ့ ရင္ေခါင္းအေျမႇးပါးကိုသြားၿပီး ထိခိုက္သလို ျဖစ္တာေၾကာင့္ ဗိုက္နာတဲ့ေဝဒနာကို ခံစားရတာ ျဖစ္ပါတယ္တဲ့။
ေရာဂါေတြ႕ရွိတဲ့လူေတြ မ်ားလာေလ ပုံမွန္သိထားတဲ့ ဖ်ားတာနဲ႔ ေခ်ာင္းေျခာက္ဆိုးတာတင္မကဘဲ တျခားလကၡဏာေတြနဲ႔ လာတာကို ေတြ႕ရမ်ားေလ ျဖစ္တယ္လို႔ ဆိုပါတယ္။
ဗိုက္နာတဲ့လကၡဏာနဲ႔ လာတဲ့လူေတြဟာ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ လကၡဏာေတြ လုံးဝမျပတာမ်ားတယ္လို႔ သိရပါတယ္။
အသက္ငယ္တဲ့လူနာေတြက ဝမ္းဗိုက္ျပႆနာနဲ႔ လာတာမ်ားၿပီး အသက္ႀကီးတဲ့လူနာေတြမွာေတာ့ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာျပႆနာေတြ ေတြ႕ရမ်ားတယ္လို႔ Hirsh က ဆိုပါတယ္။
ဒါေၾကာင့္မို႔ ပ်ိဳ႕အန္၊ ဝမ္းေလွ်ာ၊ ဖ်ားတာေတြနဲ႔လာရင္ ႐ိုး႐ိုးဝမ္းပ်က္တာ၊ တုပ္ေကြးျဖစ္တာလို႔ ေပါ့ေပါ့ေလး မေတြးၾကဖို႔ လူထုကို သတိေပးထားပါတယ္။
ေနာက္ တျခားေတြ႕ရတဲ့လကၡဏာေတြကေတာ့ အိပ္ရာကေန မထႏိုင္တာ၊ အနံ႔၊ အရသာ မရေတာ့တာ၊ ေခါင္းကိုက္တာ၊ ႏွာေစးတာ၊ မ်က္လုံးနီတာမ်ိဳးေတြ ျဖစ္ပါတယ္။

Dr. Htar (www.drmyanmar.com)