/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/d614g-ဆိုတဲ့-ဆယ်ဆ-ကူးစက်နှုန်း-မြန်ဆန်စေတဲ့-ကိုဗစ်မျိုးစိတ်

D614G ဆိုတဲ့ ဆယ်ဆ ကူးစက်နှုန်း မြန်ဆန်စေတဲ့ ကိုဗစ်မျိုးစိတ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်19 ရောဂါကို ဖြစ်ပေါ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ဟာ အခုအခါမှာ D614G ဆိုတဲ့ အသွင်သစ်တစ်မျိုးသို့ ကူးပြောင်းသွားပါတယ်။ ထိုအသွင်သစ်ဟာ ယခင် ကိုရိုနာဗိုင်းရပ်စ်ထက် ကူးစက်နှုန်း ဆယ်ဆပိုမြန်ပြီး ရောဂါလက္ခဏာ၊ ကုသနည်းနှင့် အခြားအချက်အလက်တွေမှာလည်း ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။
●  D614G သို့ ပြောင်းလဲသွားခြင်းရဲ့ ပထမဆုံးဖြစ်စဉ်ကို ဖေဖော်ဝါရီလက ဥရောပနိုင်ငံတွင် စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ မလေးရှားမှာ တွေ့ရှိခဲ့ပြီးနောက် ယခင် ကိုရိုနာဗိုင်းရပ်စ်ထက် ကူးစက်မှု ဆယ်ဆမြန်ဆန်ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒီနောက်မှာတော့ အီတလီနှင့် နယူးယောက်နိုင်ငံများတွင်ပါ တွေ့ရှိလာရပြီး ယခုအခါ ကမ္ဘာတစ်ခုလုံးရဲ့ ၉၇ ရာနှုန်းမှာ  ထိုအသွင်သစ်ကို တွေ့ရှိရပြီ ဖြစ်ပါတယ်။

>>  ဆယ်ဆကူးစက်မြန်ခြင်း
●  လေ့လာချက်များကတော့ D614G ဟာ မူလ ကိုရိုနာဗိုင်းရပ်စ်ထက် ဗိုင်းရပ်စ်သိပ်သည်းဆနှင့် ကူးစက်မှုပုံစံ ပိုမိုမြင့်မားစွာပါဝင်ကြောင်း အခိုင်အမာ ပြောဆိုနေကြပါတယ်။

>>  ကာကွယ်ဆေးတွေက အထောက်အကူဖြစ်မလား?
●  ဆေးပညာကျွမ်းကျင်သူတွေရဲ့ အတည်ပြုချက်အရ ဗိုင်းရပ်စ်ရဲ့ အပေါ်ယံ ပရိုတင်း အချွန်အတက်တွေထဲမှာသာ ပြောင်းလဲမှုများ ဖြစ်ပေါ်တာဖြစ်ပြီး အတွင်းရှိ ခုခံအားပိုင်းဆိုင်ရာကို သက်ရောက်မှုမရှိတဲ့အတွက် Covid-19 အတွက် ဖော်ထုတ်ထားသော ကာကွယ်ဆေးတွေကို D614G အတွက်လည်း အသုံးပြုနိုင်ပါတယ်။ သို့သော်လည်း ကာကွယ်ဆေးများ အမှန်တကယ် ပေါ်ပေါက်ပြီးမှသာလျှင် လက်တွေ့ပြောဆိုနိုင်မှာ ဖြစ်တဲ့အတွက် စောင့်ကြည့်ဖို့တော့ လိုပါတယ်။

>>  ဘာတွေဆက်ဖြစ်မလဲ?
●  ပိုမိုကူးစက်မြန်လာပေမယ့် ကာကွယ်ဖို့က ပိုမိုထူးခြားမသွားပါဘူး။ တစ်ကမ္ဘာလုံးအနေနှင့် ကပ်ရောဂါဆိုးရဲ့ ရိုက်ခတ်မှုကို အလူးအလဲ ခံစားနေရဆဲဖြစ်တဲ့အတွက် လက်ရှိပြုလုပ်လျက်ရှိတဲ့ ကာကွယ်ရေးနည်းစဉ်တွေဖြစ်တဲ့ ခပ်ခွာခွာနေခြင်း၊ လက်ကိုမကြာခဏဆေးခြင်း၊ mask ပုံမှန်ဝတ်ဆင်ခြင်း၊ တတ်နိုင်သမျှ အိမ်မှာနေခြင်းတို့ဖြင့် မိမိနှင့်ပတ်ဝန်းကျင်ကို ကူးစက်မခံရစေဖို့ ဝိုင်းဝန်းကူညီကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)