Depression တွေကို ကျောခိုင်းနိုင်ဖို့
Depression ဝင်နေတဲ့အခါ ဘာဆိုဘာမှ လုပ်ချင်စိတ်မရှိတဲ့အပြင် လူတွေနဲ့ ဆက်ဆံရေးပါ ခက်ခဲလာပါတယ်။ အခြေအနေဆိုးရွားပါက မိမိအသက်ကိုပါ ရန်ရှာတဲ့အထိ ဖြစ်နိုင်တဲ့အတွက် စိတ်ကျခြင်းကို စတင်ခံစားရချိန်ကတည်းက လွတ်မြောက်အောင် ရုန်းထွက်သင့်လှပါတယ်။ Depression ဝင်နေသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ဆောက်ဖို့ အသုံးတည့်မယ့် အချက်လေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။
(၁) လူတွေကို ကူညီပါ။ မိတ်ဆွေများနဲ့ အဆက်အသွယ်အမြဲရှိပါစေ။
Depression ဖြစ်နေသူတစ်ယောက်အနေနဲ့ သီးသန့်နေလိုစိတ်သာ ကြီးစိုးနေတဲ့အတွက် မိတ်ဆွေတွေမပြောနဲ့ မိမိ မိသားစုဝင်တွေနဲ့တောင် နီးကပ်စွာ နေလိုခြင်းမရှိပါဘူး။ ဒါပေမဲ့ ဒီအခြေအနေကို ရအောင်တွန်းလှန်ကြည့်ပြီး မိတ်ဆွေများနဲ့ တွေ့ဆုံကာ စကားပြောခြင်း၊ လုပ်အားပေးများ သွားခြင်း စတာတွေ ပြုလုပ်ကြည့်ပါ။ သင့်စိတ်အခြေအနေနဲ့ အယူအဆတွေ သိသာစွာ ပြောင်းလဲလာတာ တွေ့ရမှာဖြစ်ပါတယ်။
(၂) စိတ်ကို ပျော်ရွှင်မှုပေးမယ့်ကိစ္စများကို ရှာဖွေလုပ်ဆောင်ပါ။
ကိုယ့်စိတ်ကို ပျော်စေခဲ့သောအရာများကို ပြန်တွေးပြီး လုပ်ဆောင်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်သော စားသောက်နေထိုင်မှုပုံစံကို လိုက်နာကျင့်ကြံဖို့လည်း လိုအပ်ပါသေးတယ်။ ဒါဆိုရင် ဘယ်အရာလေးတွေက စိတ်ပျော်ရွှင်မှုပေးနိုင်မလဲ စာရင်းပြုစုကြည့်ရအောင်။
● သဘာဝကို ခံစားပါ။
● ကိုယ်ကြိုက်နှစ်သက်တဲ့အရာများကို စာရင်းချမှတ်ပါ။
● စာအုပ်ကောင်းများကိုဖတ်ပါ။
● ဟာသဇာတ်ကားများ ကြည့်ပါ။
● ရေနွေးနွေးလေးဖြင့် ရေစိမ်ချိုးပါ။
● တာဝန်သေးသေးလေးများကိုပင် ဂရုတစိုက် ဆောင်ရွက်ပါ။
● အိမ်မွေးခွေး/ကြောင်လေးများနဲ့ ဆော့ကစားပါ။
● သူငယ်ချင်းများနဲ့ မိသားစုဝင်များကို တွေ့ဆုံစကားပြောပါ။
● သီချင်းကောင်းလေးများ နားဆင်ပါ။
● လုပ်စရာရှိပါက ချက်ချင်း ထလုပ်ပါ။
(၃) သွက်လက်တက်ကြွပါ။
ဟင် ... Depression ဝင်နေပါတယ်ဆိုမှ တက်တက်ကြွကြွ နေခိုင်းရသလားလို့ မေးချင်စရာပါပဲ။ အကြောင်းရင်းကတော့ လှုပ်ရှားခြင်းဟာ ကောင်းမွန်တဲ့ စိတ်ကျပျောက်ဆေးတစ်လက်ပါပဲ။
● စိတ်ညစ်ညူးကျဆင်းနေမှုဟာ လေးလံတွေဝေနေသရွေ့ ပိုမိုကြီးထွားလာဖို့ပဲ ရှိပါတယ်။
● စည်းချက်ကျကျ လှုပ်ရှားနိုင်သောလေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ပါ။
● အတူတူ လေ့ကျင့်ခန်းပြုလုပ်ပေးမယ့် ကစားဖော်ရှာပါ။
● အိမ်မွေးခွေးလေးရှိပါက အတူတူ လမ်းလျှောက်နိုင်ပါတယ်။
Enervon-C Adult 1

(၄) ကျန်းမာရေးနဲ့ ညီညွတ်မယ့် အစားသောက်များကို ရွေးချယ်စားသောက်ပါ။
ကော်ဖီ၊ အရက်နဲ့ အသင့်စားအစာများ၊ ဆိုးဆေးနဲ့ ဟော်မုန်းများပါသော အစာများကို နေ့စဉ်စားခြင်းကြောင့် ဦးနှောက်နဲ့စိတ်ခံစားမှုကို ထိခိုက်စေနိုင်ပါတယ်။
● အစာကို ပုံမှန်စားပါ။ ၃ နာရီ - ၄နာရီခြာ တစ်ခါလောက် အစာတစ်ခုခု စားပေးသင့်ပါတယ်။ ဗိုက်ဆာနေပါက စိတ်တိုလွယ်စေပါတယ်။
● အချိုနဲ့ အသင့်စား အစာများကို တတ်နိုင်သလောက် ရှောင်ပါ။
● ဗီတာမင် C ပါသော အစားအသောက်များ၊ ဆေးများ (ဥပမာ - Vicee )၊ အိုမီဂါ 3 ပါသော အစာများနဲ့ ငါးကြီးဆီ စားသုံးပေးပါ။
(၅) နေရောင်ခြည်ကို နေ့စဉ်ထိတွေ့ပါ
နေရောင်ခြည်ထိခြင်းဖြင့် စိတ်ပျော်ရွင်မှုကိုပေးသော စီရိုတိုနင်ဟော်မုန်းများကို မြင့်တက်စေတဲ့အတွက် စိတ်ကြည်လင်စေမှာ ဖြစ်ပါတယ်။
- အလုပ်လုပ်နေသူများအနေနဲ့ နေ့လယ်နားချိန်တွင် လမ်းထွက်လျှောက်ခြင်း၊ အပြင်တွင် ထွက်စားခြင်းများ ပြုလုပ်နိုင်ပါတယ်။
- Outdoor အားကစားများဖြစ်သော တောင်တက်ခြင်း၊ ပန်းခြံတွင်း လမ်းလျှောက်ခြင်း၊ ဂေါက်ရိုက်ခြင်း စတာတွေ ပြုလုပ်ပါ။
(၆) မကောင်းတဲ့အတွေးများကို ဖျောက်ပစ်နိုင်အောင် ကြိုးစားပါ။
ကိုယ့်ကိုကိုယ် အသုံးမကျဘူးဟု ခံစားနေရခြင်း တစ်နေကုန် အဆိုးများသာ တွေးတောနေခြင်း ရှိပါသလား။ ဒါဟာ Depression ဝင်တဲ့ လက္ခဏာတစ်ရပ် ဖြစ်တာမို့ မထူးဆန်းပေမယ့် ကိုယ့်ဘက်က အဆိုးတွေကို ထပ်တလဲလဲ တွေးနေမယ့်အစား လုပ်စရာရှိတာတွေကိုသာ စိတ်နှစ်ပြီး လုပ်ဆောင်ကြည့်ပါ။
Depression ဝင်ခြင်းဟာ ဝေဒနာတစ်ခု ဖြစ်ပါတယ်။ လူသတ်လက်နက်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့တွေဟာ Depression ဝင်ပြီလို့ စတင်ခံစားရတာနဲ့ တစ်ပြိုင်နက် တွန်းလှန်နိုင်ဖို့ အရေးကြီးပါတယ်။ တကယ်လို့ Depression ဝင်နေတယ်လို့ ခံစားရပြီဆိုရင် အပေါ်ကအချက်တွေကို လိုက်နာပြီး ကြိုးစားလုပ်ဆောင်ကြည့်ဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်နော်။
လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)
Enervon-C Adult 2

(Zawgyi)
Depression ဝင္ေနတဲ့အခါ ဘာဆိုဘာမွ လုပ္ခ်င္စိတ္မရွိတဲ့အျပင္ လူေတြနဲ႔ ဆက္ဆံေရးပါ ခက္ခဲလာပါတယ္။ အေျခအေနဆိုး႐ြားပါက မိမိအသက္ကိုပါ ရန္ရွာတဲ့အထိ ျဖစ္ႏိုင္တဲ့အတြက္ စိတ္က်ျခင္းကို စတင္ခံစားရခ်ိန္ကတည္းက လြတ္ေျမာက္ေအာင္ ႐ုန္းထြက္သင့္လွပါတယ္။ Depression ဝင္ေနသူေတြအတြက္ စိတ္ပိုင္းဆိုင္ရာ ျပန္လည္တည္ေဆာက္ဖို႔ အသုံးတည့္မယ့္ အခ်က္ေလးေတြကို စုစည္းတင္ျပေပးလိုက္ပါတယ္။
(၁) လူေတြကို ကူညီပါ။ မိတ္ေဆြမ်ားနဲ႔ အဆက္အသြယ္အၿမဲရွိပါေစ။
Depression ျဖစ္ေနသူတစ္ေယာက္အေနနဲ႔ သီးသန႔္ေနလိုစိတ္သာ ႀကီးစိုးေနတဲ့အတြက္ မိတ္ေဆြေတြမေျပာနဲ႔ မိမိ မိသားစုဝင္ေတြနဲ႔ေတာင္ နီးကပ္စြာ ေနလိုျခင္းမရွိပါဘူး။ ဒါေပမဲ့ ဒီအေျခအေနကို ရေအာင္တြန္းလွန္ၾကည့္ၿပီး မိတ္ေဆြမ်ားနဲ႔ ေတြ႕ဆုံကာ စကားေျပာျခင္း၊ လုပ္အားေပးမ်ား သြားျခင္း စတာေတြ ျပဳလုပ္ၾကည့္ပါ။ သင့္စိတ္အေျခအေနနဲ႔ အယူအဆေတြ သိသာစြာ ေျပာင္းလဲလာတာ ေတြ႕ရမွာျဖစ္ပါတယ္။
(၂) စိတ္ကို ေပ်ာ္႐ႊင္မႈေပးမယ့္ကိစၥမ်ားကို ရွာေဖြလုပ္ေဆာင္ပါ။
ကိုယ့္စိတ္ကို ေပ်ာ္ေစခဲ့ေသာအရာမ်ားကို ျပန္ေတြးၿပီး လုပ္ေဆာင္ပါ။ က်န္းမာေရးနဲ႔ ညီၫြတ္ေသာ စားေသာက္ေနထိုင္မႈပုံစံကို လိုက္နာက်င့္ႀကံဖို႔လည္း လိုအပ္ပါေသးတယ္။ ဒါဆိုရင္ ဘယ္အရာေလးေတြက စိတ္ေပ်ာ္႐ႊင္မႈေပးႏိုင္မလဲ စာရင္းျပဳစုၾကည့္ရေအာင္။
● သဘာဝကို ခံစားပါ။
● ကိုယ္ႀကိဳက္ႏွစ္သက္တဲ့အရာမ်ားကို စာရင္းခ်မွတ္ပါ။
● စာအုပ္ေကာင္းမ်ားကိုဖတ္ပါ။
● ဟာသဇာတ္ကားမ်ား ၾကည့္ပါ။
● ေရေႏြးေႏြးေလးျဖင့္ ေရစိမ္ခ်ိဳးပါ။
● တာဝန္ေသးေသးေလးမ်ားကိုပင္ ဂ႐ုတစိုက္ ေဆာင္႐ြက္ပါ။
● အိမ္ေမြးေခြး/ေၾကာင္ေလးမ်ားနဲ႔ ေဆာ့ကစားပါ။
● သူငယ္ခ်င္းမ်ားနဲ႔ မိသားစုဝင္မ်ားကို ေတြ႕ဆုံစကားေျပာပါ။
● သီခ်င္းေကာင္းေလးမ်ား နားဆင္ပါ။
● လုပ္စရာရွိပါက ခ်က္ခ်င္း ထလုပ္ပါ။
(၃) သြက္လက္တက္ႂကြပါ။
ဟင္ ... Depression ဝင္ေနပါတယ္ဆိုမွ တက္တက္ႂကြႂကြ ေနခိုင္းရသလားလို႔ ေမးခ်င္စရာပါပဲ။ အေၾကာင္းရင္းကေတာ့ လႈပ္ရွားျခင္းဟာ ေကာင္းမြန္တဲ့ စိတ္က်ေပ်ာက္ေဆးတစ္လက္ပါပဲ။
● စိတ္ညစ္ညဴးက်ဆင္းေနမႈဟာ ေလးလံေတြေဝေနသေ႐ြ႕ ပိုမိုႀကီးထြားလာဖို႔ပဲ ရွိပါတယ္။
● စည္းခ်က္က်က် လႈပ္ရွားႏိုင္ေသာေလ့က်င့္ခန္းမ်ားကို ေန႔စဥ္ျပဳလုပ္ပါ။
● အတူတူ ေလ့က်င့္ခန္းျပဳလုပ္ေပးမယ့္ ကစားေဖာ္ရွာပါ။
● အိမ္ေမြးေခြးေလးရွိပါက အတူတူ လမ္းေလွ်ာက္ႏိုင္ပါတယ္။
(၄) က်န္းမာေရးနဲ႔ ညီၫြတ္မယ့္ အစားေသာက္မ်ားကို ေ႐ြးခ်ယ္စားေသာက္ပါ။
ေကာ္ဖီ၊ အရက္နဲ႔ အသင့္စားအစာမ်ား၊ ဆိုးေဆးနဲ႔ ေဟာ္မုန္းမ်ားပါေသာ အစာမ်ားကို ေန႔စဥ္စားျခင္းေၾကာင့္ ဦးေႏွာက္နဲ႔စိတ္ခံစားမႈကို ထိခိုက္ေစႏိုင္ပါတယ္။
● အစာကို ပုံမွန္စားပါ။ ၃ နာရီ - ၄နာရီျခာ တစ္ခါေလာက္ အစာတစ္ခုခု စားေပးသင့္ပါတယ္။ ဗိုက္ဆာေနပါက စိတ္တိုလြယ္ေစပါတယ္။
● အခ်ိဳနဲ႔ အသင့္စား အစာမ်ားကို တတ္ႏိုင္သေလာက္ ေရွာင္ပါ။
● ဗီတာမင္ C ပါေသာ အစားအေသာက္မ်ား၊ ေဆးမ်ား (ဥပမာ - Vicee )၊ အိုမီဂါ 3 ပါေသာ အစာမ်ားနဲ႔ ငါးႀကီးဆီ စားသုံးေပးပါ။
(၅) ေနေရာင္ျခည္ကို ေန႔စဥ္ထိေတြ႕ပါ
ေနေရာင္ျခည္ထိျခင္းျဖင့္ စိတ္ေပ်ာ္႐ြင္မႈကိုေပးေသာ စီ႐ိုတိုနင္ေဟာ္မုန္းမ်ားကို ျမင့္တက္ေစတဲ့အတြက္ စိတ္ၾကည္လင္ေစမွာ ျဖစ္ပါတယ္။
- အလုပ္လုပ္ေနသူမ်ားအေနနဲ႔ ေန႔လယ္နားခ်ိန္တြင္ လမ္းထြက္ေလွ်ာက္ျခင္း၊ အျပင္တြင္ ထြက္စားျခင္းမ်ား ျပဳလုပ္ႏိုင္ပါတယ္။
- Outdoor အားကစားမ်ားျဖစ္ေသာ ေတာင္တက္ျခင္း၊ ပန္းၿခံတြင္း လမ္းေလွ်ာက္ျခင္း၊ ေဂါက္႐ိုက္ျခင္း စတာေတြ ျပဳလုပ္ပါ။
(၆) မေကာင္းတဲ့အေတြးမ်ားကို ေဖ်ာက္ပစ္ႏိုင္ေအာင္ ႀကိဳးစားပါ။
ကိုယ့္ကိုကိုယ္ အသုံးမက်ဘူးဟု ခံစားေနရျခင္း တစ္ေနကုန္ အဆိုးမ်ားသာ ေတြးေတာေနျခင္း ရွိပါသလား။ ဒါဟာ Depression ဝင္တဲ့ လကၡဏာတစ္ရပ္ ျဖစ္တာမို႔ မထူးဆန္းေပမယ့္ ကိုယ့္ဘက္က အဆိုးေတြကို ထပ္တလဲလဲ ေတြးေနမယ့္အစား လုပ္စရာရွိတာေတြကိုသာ စိတ္ႏွစ္ၿပီး လုပ္ေဆာင္ၾကည့္ပါ။
Depression ဝင္ျခင္းဟာ ေဝဒနာတစ္ခု ျဖစ္ပါတယ္။ လူသတ္လက္နက္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ကြၽန္မတို႔ေတြဟာ Depression ဝင္ၿပီလို႔ စတင္ခံစားရတာနဲ႔ တစ္ၿပိဳင္နက္ တြန္းလွန္ႏိုင္ဖို႔ အေရးႀကီးပါတယ္။ တကယ္လို႔ Depression ဝင္ေနတယ္လို႔ ခံစားရၿပီဆိုရင္ အေပၚကအခ်က္ေတြကို လိုက္နာၿပီး ႀကိဳးစားလုပ္ေဆာင္ၾကည့္ဖို႔ အႀကံျပဳတိုက္တြန္းလိုက္ပါတယ္ေနာ္။
ေလေျပႏုေသြး(ေဆး၂) (www.drmyanmar.com)






























