/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/gym-သွားရကျိုး-နပ်ရဲ့လား

Gym သွားရကျိုး နပ်ရဲ့လား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    Gym သွားပြီး လေ့ကျင့်ခန်း ပင်ပင်ပန်းပန်း ပြုလုပ်သမျှဟာ အကျိုးထူးရဲ့လား?

          လေ့ကျင့်ခန်းလုပ်ချိန်မှာ အကျိုးထူးစေနိုင်ရန် အားအင်ဖြည့်တင်းပေးဖို့ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ခြင်းဟာလည်း လိုအပ်ပါတယ်။ ဒါကြောင့် Gym သွားတဲ့အခါ အကောင်းဆုံးသော အကျိုးရလဒ် ရရှိနိုင်အောင် အောက်ပါနည်းလမ်းများကို လုက်နာဆောင်ရွက်ကြည့်လိုက်ပါ။

 

•        လေ့ကျင့်ခန်း မလုပ်ခင်

1.      လုံလောက်စွာ အိပ်ပါ။

          လေ့ကျင့်ခန်း မလုပ်မီရော၊ လုပ်ပြီးတဲ့အခါမှာပါ ကောင်းကောင်းအိပ်ပေးဖို့ အရေးကြီးပါတယ်။ ကျန်းမာဖို့အတွက် အိပ်ရေးဝ အားပြည့်နေမှ ဖြစ်မှာပါ။

 

2.      ရေများများ (များများ) သောက်ပါ။

          ရေများများ သောက်ခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးမှန်း သိကြပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ရာမှာလည်း ထွက်သွားတဲ့ ချွေးပမာဏကို ဖြည့်တင်းဖို့ ရေများများ လိုပါတယ်။ ဒါ့အပြင် ရေဓာတ် ဖြည့်တင်းထားမှ အားအင်ပြည့်ဝနိုင်မှာပါ။

 

3.      အဆာပြေစားပါ။

          လေ့ကျင့်ခန်းမလုပ်ခင် စားကို စားရမယ်လို့ မဆိုလိုပေမယ့် ဗိုက်ဆာနေရင်တော့ အဆာပြေမုန့်တစ်ခုခု စားပြီးမှ လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ ခွန်အား လိုအပ်ပါတယ်။

 

4.      အနီရောင်ဝတ်ပါ။

          ရူးကြောင်ကြောင်နိုင်တယ် ထင်ရပေမယ့် အနီဝတ်ပြီး လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ ခွန်အားပြည့်ပြီး ယုံကြည်မှု ပိုတိုးနေတဲ့အတွက် ပိုအကျိုးထူးတယ်လို့ ဆိုကြပါတယ်။

 

5.      သွေးပူလေ့ကျင့်ခန်း လုပ်ပါ။

          လေ့ကျင့်ခန်းလုပ်ချိန်ဟာ 10 မိနစ်လောက်သာ ဖြစ်ရင်တောင်  သွေးပူလေ့ကျင့်ခန်း လုပ်တာကို လုံးဝမကျော်သွားပါနဲ့။ အကြောလျှော့ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်အပူချိန်ကို တက်စေနိုင်ပြီး လှုပ်ရှားမှုများကို ပိုမိုမြန်ဆန် သွက်လက်စေနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း လုပ်တဲ့အခါ ထိခိုက်အနာတရ မဖြစ်ရအောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

 

•       လေ့ကျင့်ခန်း လုပ်ပြီးချိန်

6.      အကြောလျှော့ပါ။

          လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ခန္ဓာကိုယ်ကို လေ့ကျင့်ခန်း မလုပ်မီကအတိုင်း ပြန်လည်အေးသွား၊ ပျော့ပြောင်းသွားစေရန် အကြော လျှော့သင့်ပါတယ်။ အကြော လျှော့ပေးခြင်းဖြင့် နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်ပြီး ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်း တည်ဆောက်မှုကို မြန်ဆန်စေပါတယ်။

 

7.      တစ်ခုခု စားပါ။

          လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာတော့ တစ်ခုခု စားပေးသင့်ပါတယ်။ ဒါမှသာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး လိုအပ်တဲ့အာဟာရဓာတ်ကို ရရှိစေနိုင်ပါတယ်။

 

8.      ရေအေးအေးလေး ချိုးပါ။

          လေ့ကျင့်ခန်းလုပ်ပြီး ရေအေးအေးလေး ချိုးခြင်းဖြင့် နာကျင်မှုတွေကို သက်သာစေနိုင်ပြီး ခန္ဓာကိုယ်ကို သက်သာစေနိုင်ပါတယ်။

          သွေးပူလေ့ကျင့်ခန်းလုပ်ပြီးမှ လေ့ကျင့်ခန်းလုပ်ကာ အကြောလျှော့၊ ရေချိုး၊ ခန္ဓာကိုယ်ကို ပြန်လည်အေးမြစေခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းကို ပိုမိုအားဖြည့်စေနိုင်တဲ့အတွက် Gym သွားရကျိုး နပ်စေမှာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)