H.pylori လို့ခေါ်တဲ့ အစာအိမ်ရောဂါပိုး
Helicobacter pylori ဆိုတာဟာ ကလေးဘဝမှာကတည်းက ဝင်တတ်တဲ့ အစာအိမ်ပိုးဖြစ်ပြီး အစာအိမ်အူသိမ်အနာဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ချက်လည်း ဖြစ်ပါတယ်။ ဒီရောဂါပိုးဟာ ကမ္ဘာပေါ်က လူဦးရေတစ်ဝက်လောက်မှာ ရှိနေတယ်လို့ဆိုပါတယ်။
ဒီရောဂါပိုးဟာ လူအချင်းချင်းကို တံတွေး၊ အန်ဖတ်၊ မစင် စတာတွေ ကိုင်တွယ်ထိတွေ့မိရာကနေ ကူးစက်တတ်ပြီး ပိုးရှိနေတဲ့ရေတွေ၊ အစားအသောက်တွေကနေတစ်ဆင့်လည်း ကူးစက်ပါတယ်။
လူဦးရေထူထပ်တဲ့နေရာမှာနေထိုင်သူတွေ၊ သန့်ရှင်းသောရေမရနိုင်တဲ့နေရာမှာနေထိုင်သူတွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာနေထိုင်သူတွေနဲ့ ပိုးရှိနေသူနဲ့အတူနေထိုင်သူတွေမှာ ဒီရောဂါပိုးကူးနိုင်ခြေ ပိုများပါတယ်။
Kremil-S 1

>> ဒီပိုးရှိတဲ့ လူအတော်များများမှာ ရောဂါလက္ခဏာမပြတတ်ကြပါဘူး။ ပြလေ့ရှိတဲ့ ရောဂါလက္ခဏာတွေကတော့ -
● ဗိုက်အောင့်ခြင်း၊ မီးစနဲ့ထိုးသလိုပူခြင်း
● ဗိုက်ဆာတဲ့အချိန်မှာ ပိုအောင့်ခြင်း
● ပျို့ခြင်း
● အစားအသောက်ပျက်ခြင်း
● မကြာမကြာ လေချဉ်တက်ခြင်း
● ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
● ဝိတ်မချဘဲ ဝိတ်ကျခြင်း စတာတွေဖြစ်တတ်ပါတယ်။
Kremil-S 2

>> ရောဂါလက္ခဏာတွေက မပျောက်ဘဲ ဆက်တိုက်ရှိနေရင် ဆရာဝန်နဲ့ ပြကြည့်ပါ။ တကယ်လို့ -
● ဗိုက်အောင့်တာ အရမ်းဆိုးလာရင်၊ တောက်လျှောက်အောင့်နေရင်
● အစာမြိုရခက်ခဲလာရင်
● ဝမ်းထဲသွေးပါရင်၊ ဝမ်းမည်းမည်းသွားရင်
● အန်တဲ့ထဲသွေးပါရင်၊ ကော်ဖီအကြမ်းမှုန့်ရောင်မည်းမည်းတွေအန်ရင် ဆရာဝန်နဲ့ အရေးပေါ်ပြဖို့လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)