/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/lithium-ဆေးဝါးဟာ-အသက်ရှည်ခြင်းရဲ့-သော့ချက်တစ်ခုဖြစ်လာနိုင်

Lithium ဆေးဝါးဟာ အသက်ရှည်ခြင်းရဲ့ သော့ချက်တစ်ခုဖြစ်လာနိုင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        စိတ်ကျန်းမာရေးကောင်းမွန်စေရန် အသုံးပြုတဲ့ Lithium ဆေးဝါးဟာ အသက်ရှည်ရှည်နေနိုင်ရေးအတွက် သော့ချက်တစ်ခု ဖြစ်လာနိုင်တယ်လို့ သုတေသီတွေကဆိုပါတယ်။

          သုတေသီများက Lithium နှင့်ပတ်သက်၍ စမ်းသပ်မှုများပြုလုပ်ခဲ့ရာ Lithium ကို ပမာဏအနည်းငယ် အသုံးပြုခြင်းက သစ်သီးများအပေါ်၌ မှီခိုစားသောက်နေတဲ့ ယင်ကောင်များ (fruit flies) ရဲ့ ဘ၀သက်တမ်းကို 16 ရာခိုင်နှုန်းခန့် ပိုရှည်စေတာကိုတွေ့ရှိခဲ့ပါတယ်။ Lithium ရဲ့ ဦးနှောက်အပေါ်သက်ရောက်မှုကို သေချာစွာ မသိရှိရပေမယ့် GSK-3 လို့ခေါ်တဲ့ ဓာတုပစ္စည်းကို ပိတ်ဆို့လိုက်ခြင်းကြောင့် ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားကြပါတယ်။ ဒါ့အပြင် Lithium ဟာအသက်ရှည်စေရုံသာမက သကြားစားသုံးမှုများပြားတဲ့ fruit flies တွေမှာ စိတ်ဖိစီးမှုဒဏ်မှ ကာကွယ်ပေးခြင်း၊ အဆီများထုတ်လုပ်ခြင်းကို တားဆီးပေးခြင်းစတဲ့ အကျိုးကျေးဇူးတွေကို တွေ့ရှိရတယ်လို့ လေ့လာမှု အတူတကွပြုလုပ်သူ UCLCancer Institute မှ Dr. Ivana အဆိုအရသိရပါတယ်။ ဒါပေမယ့် Lithium သုံးစွဲမှု ပမာဏအရမ်းများသွားပြီဆိုရင်တော့ အသက်တိုစေတာကိုတွေ့ရပါတယ်။

          ယင်ကောင်များရဲ့ စမ်းသပ်ချက်ရလဒ်ကောင်းမွန်တာကြောင့် ပိုပြီးအဆင့်မြင့်တဲ့ လူသားများအတွက် အသုံးပြုနိုင်ရန် တိရစၧာန်တွေမှာ စမ်းသပ်မှုတွေပြုလုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ လေ့လာမှုကိုဦးဆောင်ခဲ့သူ Prof Linda Partridge က ဆိုပါတယ်။ လေ့လာမှုတွေအဆင့်ဆင့်ပြုလုပ်သွားခြင်းဖြင့် လူသားတွေရဲ့ ကျန်းမာရေးကိုမြင့်တင်ပေးနိုင်ရုံသာမက ပါကင်ဆန်ရောဂါကဲ့သို့သော ရောဂါတွေကိုကာကွယ်ဖို့ အလားအလာရှိတယ်လို့ သုတေသီတွေကမျှော်လင့်ထားကြပါတယ်။

 

www.drmyanmar.com