/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/vitamin-d-က-h1n1-တုပ်ကွေးရောဂါကို-ကာကွယ်နိုင်သလား

Vitamin D က H1N1 တုပ်ကွေးရောဂါကို ကာကွယ်နိုင်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အမေရိကန်နိုင်ငံမှ သုတေသီများရဲ့ လေ့လာမှုအရ Vitamin D ဟာ ရာသီတုပ်ကွေးကို ဖြစ်စေတဲ့ H1N1 ဗိုင်းရပ်ကို ကာကွယ်ပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဗီတာမင် D ဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး virus ပိုးများကိုတိုက်ထုတ်နိုင်အောင် ကူညီပေးခြင်းဖြင့်  H1N1 တုပ်ကွေးရောဂါမဖြစ်အောင် တစ်ဖက်တစ်လမ်းက ကာကွယ်ပေးနေခြင်း ဖြစ်ပါတယ်။

        သွေးဆုံးပြီးသောအာဖရိကန်အမျိုးသမီးများ၌ စစ်ဆေးမှုများပြုလုပ်ခဲ့ရာတစ်နေ့ကို Vitamin D 2,000IU သောက်သုံးသူတွေမှာ တုပ်ကွေးဖြစ်ပွားနှုန်း 90% လျှော့ကျနေတာကိုတွေ့ရပါတယ်။ ကိုယ်၀န်ဆောင်များ၊ အ၀လွန်သူများ၊ အမျိုးအစား2ဆီးချိုရောဂါရှိသူများ၊ ဦးနှောက်နှင့် အာရုံကြောရောဂါရှိသော ကလေးများတွင် Vitamin D ချို့တဲ့တာကြောင့် H1N1၏ အကျိုးဆက်များကို ပိုမိုခံစားရကြောင်းလေ့လာမှုများအရ သိရပါတယ်။ ဒါကြောင့် ဆရာ၀န်နှင့်တိုင်ပင်ပြီးVitamin D ကိုတစ်နေ့လျှင် 1,000 IU မှ 2,000 IU အထိ မှီ၀ဲပေးမယ်ဆိုရင် H1N1 ဗိုင်းရပ်ကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ သုတေသီများက ယူဆကြပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com