Azotor EZ
(1) ဆေးအမည်
Azotor EZ
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတစ်ပြားတွင် Atorvastatin 10mg နှင့် ezetimibe 10mg
(3) ကုသနိုင်သောရောဂါများ
သွေးထဲတွင် ကိုလက်စထရောများသူများတွင် သွေးတွင်းအဆီဓာတ်လျှော့ချရန်အတွက် အစားအသောက် ဆင်ခြင်ခြင်း နည်းလမ်းနှင့် တွဲ၍သုံးသည်။
(4) အသုံးပြုပုံ
ဆေးပြားတစ်ပြား တစ်နေ့တစ်ကြိမ်သောက်သုံးရမည်ဖြစ်ပြီး အဆီကျစေရန် Azotor EZ ကို သောက်သုံးရုံသာမက ကိုလက်စထရောနည်းပါးသော အစားအစာများကို စားသုံးသင့်သည်။
အသက်ကြီးသူများ၊ ဆယ်နှစ်အထက်ကလေးများနှင့် ကျောက်ကပ်မကောင်းသောသူများ တွင်လည်း ဆေးပမာဏချိန်ဆရန်မလိုအပ်ဘဲ ပုံမှန်အတိုင်း သောက်သုံးနိုင်သည်။
(5) ဘေးထွက်ဆိုးကျိုး
ကြွက်သားများနာကျင်ခြင်း၊ ၀မ်းချုပ်ခြင်း၊ လေပွခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဖောရောင်ခြင်း၊ ပျို့အန်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ လေပြွန်ရောင်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းမူးခြင်း၊ ကြွက်တက်ခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ ယားယံခြင်း၊ ဆီးလမ်းကြောင်းပိုး၀င်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ အမြင်အာရုံေ၀ဝါးခြင်း၊ နားမကြားခြင်း၊ ထိပ်ပြောင်ခြင်း၊ ရင်တုန်ခြင်း၊ သွေးတိုးခြင်း၊ သွေးထဲတွင် သကြားဓာတ်နည်းခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
အရက်သောက်သူများတွင် သတိပြု၍သုံးစွဲရန်။
Creatinine Phosphokinase (CPK) ပမာဏကိုတက်စေနိုင်သဖြင့် ကြွက်သားအားနည်းသူများတွင် သတိပြု၍သုံးစွဲရန်။
ဓာတ်မတည့်သူများ၊ လက်ရှိအသည်းရောဂါခံစားနေရသူများ၊ သွေးထဲတွင် အသည်းမှထွက်ရှိသည့် အင်ဇိုင်းများဖြစ်သော Transaminase များ၏ပမာဏမှာ ပုံမှန်ထက် သုံးဆမြင့်တက်နေသူများအသုံးမပြုရ။
ကိုယ်၀န်ဆောင်၊ ကလေးနှင့် နို့တိုက်မိခင်များအသုံးမပြုရ။ ကြွက်သားအားနည်းသော သူများ၊ ကျောက်ကပ်မကောင်းသောသူများတွင် အသုံးမပြုရ။
အသည်း၏ လုပ်ငန်းဆောင်တာများကို ပျက်ယွင်းစေနိုင်သဖြင့် Azotor EZ သုံးစွဲသူများတွင် အသည်း၏ လုပ်ငန်းဆောင်တာများကိုစစ်ဆေးရန်။
(7) အခြားဆေးများနှင့်ဓါတ်ပြုမှု
ပဋိဇီ၀ဆေး Erythromycin ၊ မှို သတ်ဆေး ဗီတာမင် B ဓာတ် (niacin) စသော ဆေးဝါးများ၊ Cyclosporin ဆေးဝါးများနှင့်တွဲသုံးပါက ကြွက်သားအားနည်းခြင်းကို ပိုမိုဖြစ်စေနိုင်ပါသည်။
သနေ္ဓတားဆေး၊ နှလုံးရောဂါတွင်သုံးသော Digoxin နှင့်တွဲသုံးပါက သနေ္ဓတားဆေးနှင့် Digoxin ၏ အာနိသင်ကို ပိုကောင်းစေပါသည်။
အစာအိမ်တွင်းရှိအက်ဆစ်ဓာတ်ကို လျှော့ချပေးသော Antacid များနှင့် တွဲသုံးပါက သွေးတွင်းရှိ Azotor EZ ပမာဏကိုလျော့ကျစေပါသည်။
Cholestyramine နှင့် ezetimibe တွဲသုံးပါက ezetimibe ၏အာနိသင်ကို လျော့ကျစေ ပါသည်။ cyclosporine နှင့်တွဲသုံးပါက ezetimibe ၏ အာနိသင်ကိုမြင့်တက်စေပါသည်။
Fibrate နှင့် ezetimibe တွဲမသုံးသင့်ပေ။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Sun Pharma
(9) တင်သွင်းသည့်ကုမ္ပဏီ
Sin Byu Gyun