/
news/အသုံးများဆေးဝါးများ/betaday

Betaday

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Betaday

(1)  ဆေးအမည်

          Betaday

 

(2)  ပါ၀င်သောဆေးအမျိုးအစား

            Bambuterol10 mg

 

(3)  ကုသနိုင်သောရောဂါများ

          ပန်းနာရင်ကြပ်ရောဂါ၊ လေပြွန်ကျဉ်းခြင်း၊ အသက်ရှုလမ်းကြောင်းကျဉ်းခြင်း

 

(4)  အသုံးပြုပုံ

          ယခုမှစ၍ သောက်သုံးသောသူများတွင် 10mg မှစ၍ သောက်ရမည်။ ၂ ပတ်ခန့်ကြာသောအခါ လူနာ၏အခြေအနေပေါ်မူတည်ပြီး 20mg ထိတိုး၍သောက်နိုင်ပါသည်။ အခြားသော Beta agonist ဆေး သုံးစွဲဖူးသူများတွင်မူ 20mg မှစ၍ သုံးနိုင်သည်။

            ဆေးပြားကိုတစ်နေ့တစ်ကြိမ်၊ ညအိပ်ရာ၀င်ချိန်တွင် သောက်သုံးရမည်။

            အသက်ကြီးသူများတွင်လည်း ဆေးဝါးကိုချိန်ဆသုံးစွဲရန်မလိုဘဲ ပုံမှန်အတိုင်းသောက်သုံးနိုင်သည်။ သို့သော် ကျောက်ကပ်မကောင်းသူများတွင်မူဆေးပမာဏကိုပုံမှန်ထက် တစ်၀က်လျှော့ချပြီး သုံးစွဲရန်လိုအပ်ပါသည်။

 

(5)  ဘေးထွက်ဆိုးကျိုး

          ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ လက်ထုံခြင်း၊ ကြွက်တက်ခြင်း၊သွေးထဲတွင် ပိုတက်ဆီယမ်ပမာဏ အလွန်နည်းပါးလာခြင်း၊ ယားယံခြင်း၊ အရေပြားအဖုထွက်ခြင်း။

            ဘေးထွက်ဆိုးကျိုးများသည် ဆေးဝါးပမာဏပေါ်မူတည်ပြီး တစ်ပတ်နှစ်ပတ်ကြာလျှင် အလိုအလျောက် သက်သာသွားလေ့ရှိသည်။

 

(6)  ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          သွေးတွင်းရှိသကြားပမာဏကို မြင့်တက်စေနိုင်သောကြောင့် Betadayသောက်သုံးနေရသော ဆီးချိုေ၀ဒနာရှင်များတွင် သွေးတွင်းရှိသကြားပမာဏကိုပုံမှန်တိုင်းတာရန်လိုအပ်ပါသည်။

            နှလုံးသွေးကြောဆိုင်ရာရောဂါရှိသူများနှင့်သွိုင်းရွိက်ဟော်မုန်းများလွန်းသောကြောင့် သိုင်းရွိုက်အဆိပ်သင့်သူများတွင် သတိပြု၍ သုံးစွဲရန်။

            Xanthine derivativeများ၊ စတီးရွိုက်ဆေးများ၊ ဆီးဆေးများနှင့်အတူတူ တွဲသုံးပါက သွေးတွင်းရှိ ပိုတက်ဆီယမ်ပမာဏဆိုးရွားစွာကျစေနိုင်သဖြင့် သတိပြုသုံးစွဲရန်။

 

            နို့တိုက်မိခင်နှင့် ကိုယ်၀န်ဆောင်မိခင်များတွင် အကျိုးအပြစ်ချိန်ဆ၍ အသုံးပြုရန်။

 

            ကလေးများတွင်အသုံးမပြုရ။

 

            နှလုံးကြွက်သားများကြုံ့ခြင်း၊ ညှစ်ခြင်းကိုအားပေးသောကြောင့် နှလုံးကြွက်သား ထူပြီး နှလုံးကြီးနေသောသူများတွင် အသုံးမပြုရ။

 

            အသည်းမကောင်းသူများတွင် အသုံးမပြုရ။

 

(7)  ထုတ်လုပ်သည့်ကုမ္ပဏီ

          Sun Pharma

    

(8)  တင်သွင်းသည့်ကုမ္ပဏီ

            Sin ByuGyun

www.drmyanmar.com