Bioflor
(1) ဆေးအမည်
Bioflor
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေး ၁ တောင့် (သို့) ၁ ထုပ်တွင် Lyophilized Saccharomyces boulardii 282.5 mg ( yeast 250 mg + lactose 32.5 mg )
(3) ကုသနိုင်သောရောဂါများ
(1) ရုတ်တရက်၀မ်းလျှောရောဂါပိုး၀င်၍ ၀မ်းလျှောခြင်း၊
(2) ပဋိဇီ၀ပိုးသတ်ဆေးကြောင့် ဗိုက်ရစ်ခြင်းနှင့်၀မ်းလျှောခြင်း၊
(3) အစာပိုက်တပ်ထားခြင်းကြောင့် ၀မ်းလျှောခြင်း၊
(4) ၀မ်းလျှောခြင်းကိုဖြစ်စေသောပိုးတစ်မျိုးဖြစ်သည့်Clostridium difficile ဘက်တီးရီးယားပိုး ပြန်လည် ထကြွလာခြင်းမရှိစေရန် Metronidazole / Vancomycin ဆေးများနှင့်တွဲ၍သောက်သုံးခြင်း
(4) အသုံးပြုပုံ
ဆေးတောင့် ။ ။ တစ်ခါသောက် ၁-၂ တောင့်၊ တစ်နေ့ ၁-၂ ကြိမ်ရေဖြင့်သောက်ပါ။
ဆေးထုပ် ။ ။ တစ်ခါသောက် ၁-၂ ထုပ်၊ တစ်နေ့ ၁-၂ ကြိမ်။ ရေ (သို့) အရည် (သို့) အစားအစာ များနှင့်ရောစပ်၍သောက်သုံးသင့်ပါသည်။ ပူလွန်း၊ အေးလွန်းသောအရည်များ၊ အစားအစာများ၊ အရက်ပါ၀င်သောအရည်များနှင့်ရော၍ မသောက်သုံးသင့်ပါ။
(5) ဘေးထွက်ဆိုးကျိုး
၀မ်းဗိုက်မအီမသာဖြစ်ခြင်းဖြစ်နိုင်သော်လည်းအလွန်ဖြစ်ခဲပါသည်။
(6) အခြားဆေးများနှင့်ဓါတ်ပြုမှု
မှိုပိုးသတ်ဆေးသောက်ဆေး (သို့) ထိုးဆေးများနဲ့တွဲဖက်အသုံးမပြုသင့်ပါ။
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
Biocodex
(8) တင်သွင်းသည့်ကုမ္ပဏီ
KTZ