/
news/အသုံးများဆေးဝါးများ/brupal

Brupal

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Brupal

(1)  ဆေးအမည်

        Brupal

 

(2)  ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတပြားတွင်Ibuprofen 300mg နှင့် paracetamol 325 mg ပါ၀င်ပါသည်။

        Brupal – kid ဆေးပြားတပြားတွင်Ibuprofen 100mg နှင့် paaucetamol 125mg ပါ၀င် ပါသည်။

        Brupal Forte ဆေးပြားတပြားတွင် Ibuprofen 400mg နှင့် Paracetamol 500mg ပါ၀င်ပါသည်။

 

(3)  ကုသနိုင်သောရောဂါများ

        နာကျင်မှုနှင့်ရောင်ရမ်းမှုကိုလျော့ချရန်

 

(4)  အသုံးပြုပုံ

        လူကြီးဆေးပြားတပြားမှ နှစ်ပြားတနေ့ 3 ကြိမ်အစာစားပြီးမှသောက်ရန်။ တနေ့လျှင်ဆေးပြား  6 ပြားထက်ပိုမသုံးရ။

 

(5)  ဘေးထွက်ဆိုးကျိုး

          နှလုံးခုန်မြန်ခြင်း၊  သွေးပေါင်တက်ခြင်း၊ ထင်ရောင်ထင်မှားဖြစ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အာရုံကြောအားနည်းခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ နားအူခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ သွေးအားနည်းခြင်း၊ ဓါတ်မတည့်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ နှာခေါင်းသွေးလျှံ ခြင်း၊ အသည်းရောင်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ သွေးထဲတွင် အချိုဓါတ်နည်းခြင်း။

 

(6)  ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          ဓါတ်မတည့်သူများ၊ အစာအိမ်အနာရှိသူများ၊ ကိုယ်၀န်ဆောင်များ၊ အသက် 12 နှစ်အောက် ကလေးများ၊ ကျောက်ကပ်မကောင်းသောသူများအသုံးမပြုရ။ နို့တိုက်မိခင်များ၊ အသည်းမကောင်းသောသူများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။

 

(7)  အခြားဆေးများနှင့်ဓါတ်ပြုမှု

          အရက်၊ စတီးရွိက်ပါသော ဆေးဝါးများ၊ သွေးခဲပျော်ဆေး heparin ၊ အခြားအကိုက်အခဲ ပျောက်ဆေးများတို့နှင့် တွဲသုံးပါက အစာအိမ်သွေးကြောပေါက်ခြင်းကို ပိုမိုဖြစ်စေနိုင်ပါ သည်။ သွေးချိုထိန်းဆေးများနှင့် တွဲဖက်သုံးစွဲပါ က သွေးထဲရှိ အချိုဓာတ်ကို ပိုမိုလျော့ကျစေပါသည်။ သွေးတိုးထိန်းဆေးနှင့်တွဲသုံးပါက သွေးတိုးထိန်းဆေးများ၏ အာနိသင်ကို လျော့ကျစေပါသည်။ methotrexate, cyclosporine နှင့်တွဲသုံးပါကသွေးရည်ကြည်တွင်ရှိ cyclosporine နှင့် methotrexateပမာဏကို မြင့်တက်စေပါသည်။ စိတ်ရောဂါကုသဆေး lithium ၊ နှလုံးရောဂါ ကုသဆေး digoxin တို့နှင့် တွဲသုံးပါကသွေးထဲရှိ ထိုဆေးများ၏ပမာဏကို ပိုမိုများစေပါသည်။

 

(8)  ထုတ်လုပ်သည့်ကုမ္ပဏီ

          Geno

 

(9)   တင်သွင်းသည့်ကုမ္ပဏီ  

            Mascots

www.drmyanmar.com