/
news/အသုံးများဆေးဝါးများ/calcinol-rb

Calcinol RB

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Calcinol RB

(1)  ဆေးအမည်

        Calcinol RB/ Calcinol Syrup F/ Calcinol 1000

 

(2)  ပါ၀င်သောဆေးအမျိုးအစား

          ကယ်လဆီယမ်၊ ဗီတာမင် D, သံဓါတ်၊ ဗီတာမင် A, ဗီတာမင် B12 နှင့် ဗီတာမင် C

 

(3)   ကုသနိုင်သောရောဂါများ

          Calcinol RB/Calcinol 1000

            ကယ်လ်ဆီယမ်ဓါတ်ချို့တဲ့သောအခြေအနေများ(ဥပမာ-အရိုးပျော့ရောဂါ)၊ ကယ်လစီယမ်ဓာတ်ကို ပိုမိုလိုအပ်သောအခြေအနေများ (ဥပမာ-ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များ၊ ခန္ဓာကိုယ်ကြီးထွားဖွ့ံဖြိုးဆဲ ကလေးများ)။

          Calcinol Syrup F

        ကယ်လ်ဆီယမ်ဓါတ်ချို့တဲ့သောအခြေအနေများ(ဥပမာ-အရိုးပျော့ရောဂါ)၊ ကယ်လစီယမ်ဓာတ်ကို ပိုမိုလိုအပ်သော အခြေအနေများ (ဥပမာ-ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များ၊ ခန္ဓာကိုယ်ကြီးထွားဖွ့ံဖြိုးဆဲ ကလေးများ)၊ သံဓာတ်ချို့တဲ့ခြင်း၊ အာဟာရချို့တဲ့ခြင်း။

 

(4)  အသုံးပြုပုံ

          Calcinol RB - လူကြီးတနေ့ ၂ ပြား၊ ကလေးတနေ့ ၁ ပြား(အစာစားပြီး နှစ်နာရီခန့် အကြာတွင် သောက်သုံးနိုင် သည်။)

            Calcinol syrup F - လူကြီးနှင့် ၅ နှစ်အထက်ကလေး 5ml တနေ့ ၂ ကြိမ်။

                                         တနှစ်မှ ၅ နှစ်အရွယ် 5 ml တနေ့ ၁ ကြိမ်။

                                         တနှစ်အောက်ကလေးများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။

            Calcinol1000 - တနေ့ 1 ထုပ်၊ 1 ထုပ်လျှင်ရေ 200ml ဖြင့် ရောစပ်ပြီးသမအောင်မွှေ၍ သောက်သုံးရန်။

 

(5)  ဘေးထွက်ဆိုးကျိုး

          Calcinol 1000 ၀မ်းဗိုက်မအီမသာဖြစ်ခြင်း ၊ ၀မ်းချုပ်ခြင်း။

 

(6)  ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          ကျောက်ကပ်မကောင်းသူများ၊ သွေးထဲတွင် ကယ်လဆီယမ်ဓါတ်များသူများ၊ ပါရာသိုင်းရွိုက်ဟော်မုန်း ပမာဏများသူများ၊ ဆီးထဲတွင်ကယ်လ်ဆီယမ်ဓါတ်များသူများ၊ ကျောက်ကပ်ကျောက်တည်သူများ၊ Digoxin ဆေး မှီ၀ဲနေသူများ၊ Zollinger–Ellison syndrome ကြောင့် အစာအိမ်အနာရှိသူများအသုံးမပြုရ။

            နှလုံးရောဂါရှိသူများ ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။

 

(7)  ထုတ်လုပ်သည့်ကုမ္ပဏီ

          Raptakos, Brett   

 

(8)  တင်သွင်းသည့်ကုမ္ပဏီ

            KMT

www.drmyanmar.com