/
news/အသုံးများဆေးဝါးများ/cardura-xl

Cardura XL

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Cardura XL

(1) ဆေးအမည်

        Cardura XL

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတစ်ပြားတွင်Doxazosinmesylate 4mg (သို့) 8mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

        သွေးတိုးရောဂါ၊ ဆီးကြိတ်ကြီးခြင်းနှင့် ဆီးကြိတ်ကြီးသောရောဂါတွင် ဆီးသွားနည်းခြင်း။

 

 (4) အသုံးပြုပုံ

        4 mg တနေ့တကြိမ် 4 ပတ်အထိ။ 4 ပတ်သောက်ပြီးနောက်လိုအပ်ပါက 8mg ထိတိုး၍ ဆက်သောက်နိုင်သည်။ တနေ့လျှင် 8mg ထိမကျော်ရ။

 

(5) ဘေးထွက်ဆိုးကျိုး

        ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ ခေါင်းချာချာလည်မူးခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဖောရောင်ခြင်း၊ ခါးနာခြင်း၊ သွေးပေါင်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ လေပြွန်ရောင်ခြင်း၊ ချောင်းဆိုးခြင်း၊ ယားယံခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ အသက်ရှုလမ်းကြောင်းနှင့် ဆီးလမ်းကြောင်းပိုး၀င်ခြင်း၊အမြင်မှုန်ဝါးခြင်း၊ ကြွက်သားအားနည်းခြင်း၊ သတိမေ့ခြင်း၊ လက်တုန်ခြင်း၊ အသည်းရောင်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဆီးသွားရာတွင် နာကျင်ခြင်း၊ ဆီးသွားရာတွင်သွေးပါခြင်း၊ အထိုင်အထလှုပ်ရှားမှုများတွင် မူးေ၀၍သတိလစ်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        ကျောက်ကပ်မကောင်းသော၊ အသည်းမကောင်းသောသူများ၊ အစာအိမ်နှင့် အူလမ်းကြောင်း ကျဉ်းသောရောဂါများ၊ နို့တိုက်မိခင်များနှင့် ကလေးများတွင် သတိပြု၍သုံးစွဲရန်။

        ခေါင်းမူးနိုင်သဖြင့်  ကားမောင်းသူများ၊ စက်မောင်းနှင်သူများတွင် ချိန်ဆ၍သုံးစွဲရန်။

        ဓာတ်မတည့်သူများ၊ ကိုယ်၀န်ဆောင်များတွင် အသုံးမပြုရ။

 

(7) အခြားဆေးများနှင့်ဓါတ်ပြုမှု

        ပန်းသေရောဂါတွင် သောက်သုံးရသော PDE 5 inhibitors များနှင့် Doxazosin တွဲသုံးပါက သွေးပေါင်ကျသွားစေနိုင်သည်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Pfizer

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          Maxxcare

www.drmyanmar.com