/
news/အသုံးများဆေးဝါးများ/carvidoncarvidon-mr

Carvidon/Carvidon MR

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Carvidon/Carvidon MR

(1) ဆေးအမည်

        Carvidon/Carvidon MR

 

(2) ပါ၀င်သောဆေးအမျိုးအစား

        Carvidonဆေးပြားတစ်ပြားတွင် Trimetazidine 20mg

        Carvidon MR ဆေးပြားတစ်ပြားတွင် Trimetazidine 35mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

          Carvidon       -  နှလုံးသွေးကြောကျဉ်းရောဂါများ

          Carvidon MR  -  နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ နှလုံးသွေးကြော ကျဉ်းခြင်းကြောင့် နှလုံးအောင့်ခြင်း၊ နှလုံးကြွက်သားပုပ်ခြင်း၊ အာရုံကြောဆိုင်ရာတစ်သျှူ းပုပ်ခြင်း။

 

(4) အသုံးပြုပုံ

         Carvidon       -  တစ်ခါသောက်တစ်ပြားတစ်နေ့သုံးကြိမ် (အစာစားပြီးသောက်ရန်)

        Carvidon MR  -  တစ်ခါသောက်တစ်ပြားတစ်နေ့နှစ်ကြိမ်

 

(5)ဘေးထွက်ဆိုးကျိုး

          ၀မ်းဗိုက်မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ဓာတ်မတည့်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        အသည်း (သို့မဟုတ်)ကျောက်ကပ်အလွန်အမင်းပျက်စီးနေသူများတွင် ဆေးပမာဏကိုလျှော့၍ သုံးစွဲရန်လိုအပ်နိုင်သည်။

          နို့တိုက်မိခင်နှင့် ကိုယ်၀န်ဆောင်များတွင် သတိပြု၍သုံးစွဲရန်။ ကလေးများတွင် အသုံးပြုရန်မသင့်။

 

(7) ထုတ်လုပ်သည့်ကုမ္ပဏီ

        Micro Labs

 

(8) တင်သွင်းသည့်ကုမ္ပဏီ  

          Zizawa Health Care

www.drmyanmar.com