Citico
(1) ဆေးအမည်
Citico
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတစ်ပြားတွင် Citicoline 500 mg
(3) ကုသနိုင်သောရောဂါများ
လေဖတ်ခြင်း၊ ဦးနှောက်သွေးကြောဆိုင်ရာရောဂါများ၊ ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရခြင်း၊ ပါကင်ဆွန်နာဗ်ကြောရောဂါ၊ အသက်ကြီးသူများတွင်ဖြစ်လေ့ရှိသည့် အယ်လ်ဇိုင်းမားသတိမေ့ရောဂါ။
(4) အသုံးပြုပုံ
တစ်နေ့လျှင် 500 mg မှ 1000 mg
အသက်ကြီးသူများတွင် ဖြစ်လေ့ရှိသည့် အယ်လ်ဇိုင်းမားသတိမေ့ရောဂါ - တစ်နေ့လျှင် 1000 mg မှ 2000 mg
ဦးနှောက်သွေးကြောနှင့် ဆိုင်သောနာတာရှည်ရောဂါများ - တစ်နေ့လျှင် 500 mg
ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း - လေဖြတ်ပြီး 24 hrနာရီအတွင်းတစ်နေ့လျှင် 500 mg မှ 2000 mg
(5) ဘေးထွက်ဆိုးကျိုး
ခေါင်းကိုက်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း/နှေးခြင်း၊ ပျို့အန်ခြင်း၊ သွေးပေါင်ကျခြင်း၊ ၀မ်းလျှောခြင်း၊ မူးေ၀ခြင်း၊ ဓာတ်မတည့်ခြင်း (ယားယံခြင်း၊ မျက်နှာဘက်နှင့် ပါးစပ်များဖောရောင်ခြင်း၊ အသက်ရှုကြပ်ခြင်း)
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ကိုယ်၀န်ဆောင်နှင့်နို့တိုက်မိခင်များတွင် ချိန်ဆ၍သုံးစွဲရန်။
Citicolinဆေးသောက်နေစဉ်အတောအတွင်းအရက်မသောက်ရ။
ဆရာ၀န် ညွှန်ကြားချက်ဖြင့်သာသောက်ရမည်။ဓာတ်မတည့်သူများအသုံးမပြုရ။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
Levodopa ဆေးနှင့် Citicolin တွဲဖက်သုံးစွဲပါက Levodopa ၏အာနိသင်ကိုပိုကောင်းစေသည်။
Citicolin နှင့် Meclophenoxate (သို့) Centrophenoxineဆေးများတွဲဖက်မသုံးစွဲရ။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
ZydusCadila
(9) တင်သွင်းသည့်ကုမ္ပဏီ
AA Medical





























