Coralan
(1) ဆေးအမည်
Coralan
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတစ်ပြားတွင် Ivabradine 5 mg/ 7.5mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးညှစ်အားမကောင်းခြင်း၊ နှလုံးခုန်နှုန်းတစ်မိနစ်လျှင် ၇၅ ထက် ကျော်သူများ
(4) အသုံးပြုပုံ
5mg တစ်နေ့ 2 ကြိမ်နှုန်းဖြင့်သောက်သုံးရမည်။ 2 ပတ်ကြာသောအခါ နှလုံးခုန်နှုန်းအပေါ်မူတည်၍ 7.5 mg အထိတိုး၍ တစ်နေ့ 2 ကြိမ်နှုန်းဖြင့်သော်လည်းကောင်း၊ 2.5 mg သို့လျှော့၍တစ်နေ့ 2 ကြိမ်နှုန်းဖြင့်သော်လည်းကောင်း သောက်နိုင်သည်။
(5) ဘေးထွက်ဆိုးကျိုး
ခေါင်းကိုက်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ ခေါင်းမူးခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်နှေးခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ဓာတ်မတည့်သူများ၊ သွေးခုန်နှုန်း 60 အောက်ရှိသူများ၊ သွေးပေါင်ကျသူများ၊ နှလုံးညှစ်အားမကောင်းသူများ၊ ရုတ်တရက်နှလုံးခုန်ရပ်သွားသူများ၊ နှလုံးခုန်စက်တပ်ဆင်ထားရသူများ၊ အသည်းမကောင်းသူများ၊ ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များ၊ 18 နှစ်အောက်ကလေးများအသုံးမပြုရ။
အမြင်မှုန်ဝါးစေသဖြင့် ကားမောင်းသူများ၊ စက်မောင်းနှင်သူများတွင် ချိန်ဆ၍ သုံးစွဲရန်။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
Coralanသောက်နေစဉ်အတောအတွင်းဂရိတ်ဖရုသီးမစားရ။
သွေးတိုးရောဂါတွင် သုံးသော Verapamil ၊ တီဘီရောဂါကုဆေး Rifampicin ၊ အိပ်ဆေးများ၊ မှိုသတ်ဆေး၊ Fluconazole ၊ နှလုံးရောဂါတွင်သုံးသော Amiodarone ၊ စိတ်ပူပန်မှုကို လျှော့ချပေးသော ဆေးများ၊ ငှက်ဖျားရောဂါကုဆေး၊ ပဋိဇီ၀ဆေး၊ Erythromycin နှုင့် တွဲသုံးပါကသတိဖြင့်သုံးစွဲရန်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Servier
(9) တင်သွင်းသည့်ကုမ္ပဏီ
Maxxcare






























