Encorate Chrono
(1) ဆေးအမည်
Encorate Chrono
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတပြားတွင် Sodium valproate, Valproic Acid အရောအနှော 200mg (သို့) 300mg (သို့) 500mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
အတက်ရောဂါ
(4) အသုံးပြုပုံ
လူနာအသက်အရွယ်နှင့်အလေးချိန်ပေါ်မူတည်ပြီး ဆေးပမာဏပြောင်းလဲနိုင်ပါသည်။
လူကြီး - တစ်နေ့ လျှင် 600mg မှအစပြု၍ လူနာအခြေအနေပေါ်မူတည်ပြီး ဆေးဝါးပမာဏ တိုး၍ သောက်နိုင်သည်။ တနေ့လျှင် 2000 mg ထက်မပိုရ။
20kg နှင့်အထက် ကလေးများတွင် တနေ့လျှင် 400mg မှစ၍ ပေးရမည်။
(5) ဘေးထွက်ဆိုးကျိုး
ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ ၀မ်းချုပ်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
အသည်းရောဂါရှိသူများ၊ အသည်းခြောက်သောသူများ၊ ကိုယ်၀န်ဆောင်များ၊ ဓာတ်မတည့်သူများ အသုံးပြုရန်မသင့်။ 20kg အောက်ရှိသော ကလေးငယ်များအသုံးမပြုရ။
နို့တိုက်မိခင်များတွင် ဆရာ၀န်ညွှန်ကြားချက်တိုင်းသုံးစွဲရန်။
သွေးထွက်များစေနိုင်သဖြင့် ထိခိုက်ဒဏ်ရာမရအောင် အထူးဂရုစိုက်သင့်ပါသည်။ ထိခိုက်ဒဏ်ရာရရှိပါက ဒဏ်ရာကို ကုသပြီးမှသာ Encorate Chrono ဆေးကိုဆက်လက်သောက်သုံးသင့်ပါသည်။
(7) အခြားဆေးများနှင့်ဓါတ်ပြုမှု
စိတ်ကျရောဂါကုဆေးများနှင့် တွဲသုံးပါက ၎င်းဆေးများ၏ အာနိသင်ကိုမြင့်တက်စေပါသည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Sun Pharma
(9) တင်သွင်းသည့်ကုမ္ပဏီ
Sin Byu Gyun






























