/
news/အသုံးများဆေးဝါးများ/etoshine

Etoshine

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Etoshine

(1) ဆေးအမည်

        Etoshine

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတစ်ပြားတွင် Etoricoxib 60 mg (သို့) 90mg (သို့) 120 mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

        အဆစ်အမြစ်ကိုက်ခဲခြင်း၊ သွားကိုက်ခြင်း၊ ရာသီလာစဉ်ကိုက်ခဲခြင်းအပါအ၀င် နာကျင်ကိုက်ခဲသည့်ေ၀ဒနာ အမျိုးမျိုး။

 

(4) အသုံးပြုပုံ

        အရိုးအဆစ်ရောင်ရမ်းနာ (Osteoarthritis) -  တနေ့လျှင် 60mg တနေ့ တကြိမ်

        အရိုးအဆစ်ရောင်ရမ်းနာ (Rheumatoid arthritis) - 40mg တနေ့တကြိမ်

        ဂေါက်ရောဂါ - တနေ့လျှင် 120mg

          ရောဂါအခြေအနေပေါ်မူတည်ပြီး ဆေးဝါးပမာဏပြောင်းလဲနိုင်သည်။  (သို့) ဆရာ၀န်ညွှန်ကြားချက် အတိုင်းသောက်သုံးရန်။

 

 (5) ဘေးထွက်ဆိုးကျိုး

        ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ၀မ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ အသည်းမှထုတ်လုပ်သည့် အင်ဇိုင်းများဖြစ်သော (ALT နှင့် AST) ပမာဏတက်ခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပိုး၀င်ခြင်း၊ ဆီးလမ်းကြောင်းပိုး၀င်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဖောရောင်ခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အမြင်မှုန်ဝါးခြင်း၊ နားအူခြင်း၊ နှလုံးထိခိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ သွေးတိုးခြင်း၊ အာခေါင်ခြောက်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        ဓါတ်မတည့်သူများ၊ အစာအိမ်အနာရှိသူများ၊ နှလုံးညှစ်အားမကောင်းသူများ၊ အက်စပရင်ဆေးဝါးနှင့် ဓါတ်မတည့်သူများ၊ ပန်းနာရင်ကြပ်ရောဂါရှိသူများ၊ ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသက် 16 နှစ်အောက် ကလေးများတွင်အသုံးမပြုရ။ နှလုံး၊ အသည်း (သို့) ကျောက်ကပ်မကောင်းသောသူများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်း သုံးစွဲရန်။

 

(7) အခြားဆေးများနှင့်ဓါတ်ပြုမှု

        တီဘီရောဂါကုဆေး Rifampicin နှင့်အတူတွဲမသုံးရ။

        Cyclosporinနှင့်တွဲသုံးပါက ကျောက်ကပ်အဆိပ်သင့်ခြင်းကို ပိုဖြစ်စေပါသည်။

         အကိုက်အခဲပျောက်ဆေး Aspirin ဆေးဝါးနှင့်တွဲသုံးပါက အစာအိမ်သွေးကြောပေါက်စေနိုင်သဖြင့် ချိန်ဆ၍သုံးစွဲရန်။

         စိတ်ရောဂါကုသဆေး Lithium နှင့်တွဲသုံးပါက သွေးတွင်းရှိ lithium ပမာဏကို မြင့်တက်စေပါသည်။

         ဟော်မုန်းပါသော သနေ္ဓတားဆေးများနှင့်တွဲသုံးပါက ၎င်းဆေးဝါးများ၏ဘေးထွက်ဆိုးကျိုး များကို မြင့်တက်စေပါသည်။

 

(8)    ထုတ်လုပ်သည့်ကုမ္ပဏီ

                  Sun Pharma

 

(9)    တင်သွင်းသည့်ကုမ္ပဏီ

                   Sin Byu Gyun

www.drmyanmar.com