/
news/အသုံးများဆေးဝါးများ/flixonase

Flixonase

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Flixonase

(1) ဆေးအမည်      

          Flixonase

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဖျန်းဆေး 100mg တွင် Fluticasone Propionate 50mcg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

        ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော နှာရည်ယိုခြင်း၊ နှာခေါင်း ပိတ်ခြင်း၊ နှာချေခြင်း၊ ယားယံခြင်းတို့ကို ကုသရန်နှင့်ကာကွယ်ရန် အသုံးပြုသည်။       

 

(4) အသုံးပြုပုံ        

          အသက် 12 နှစ်အထက်နှင့် လူကြီးများ တစ်နေ့တစ်ကြိမ်၊ တစ်ကြိမ်လျှင် နှာခေါင်းတစ်ဖက်စီကို 2 ခါဖြန်းရန်။ သက်သာပါက တစ်ကြိမ်လျှင် တစ်ခါသာဖြန်းရန်လိုအပ်ပါသည်။ နှာခေါင်းတစ်ဖက်စီကို တစ်နေ့လျှင် 4 ခါထက်ပိုပြီး မဖြန်းရ။

        အသက် 4 နှစ်မှ 11နှစ် - တစ်နေ့တကြိမ် တစ်ကြိမ်လျှင် 1 ခါသာဖြန်းရန်။

        တစ်ကြိမ်လျှင် 2 ခါထပ်ပိုပြီးမဖြန်းရ။

         အသက် 12 နှစ်အောက် - ဆရာ၀န်ညွှန်ကြားချက်အတိုင်း သုံးစွဲရန်။

 

(5) ဘေးထွက်ဆိုးကျိုး

          ဓာတ်မတည့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရသာပျက်ခြင်း၊ မျက်စိရေတိမ်ရောဂါဖြစ်ခြင်း၊ မျက်လုံးတွင်း ဖိအားတက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ နှာခေါင်းတွင်းခြောက်သွေ့ခြင်း၊ ယားယံခြင်း၊ လည်ချောင်းခြောက်သွေ့ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          နှာခေါင်းခွဲစိတ်ထားသူများ၊ နှာခေါင်းတွင်းဒဏ်ရာရသူများတွင် အသုံးမပြုရ။

          ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင် သတိပြု၍ သုံးစွဲရန်။

          ကလေးများတွင် ကြီးထွားနှုန်းကို နှောင့်နှေးစေပါသည်။

 

(7) အခြားဆေးများနှင့်ဓာတ်ပြုမှု

          မှိုသတ်ဆေး Ketoconazole နှင့်တွဲသုံးပါက Flixonase ၏အာနိသင်ကို ပိုမိုကောင်းစေပါသည်။

          Ritonavir နှင့်တွဲသုံးပါက Cushing's Syndrome နှင့် ကျောက်ကပ်ပေါ်ရှိ adrenal ဂလန်းများမှထွက်ရှိသော ဟော်မုန်းများအထွက်နည်းသွားခြင်း တို့ဖြစ်နိုင်ပါသည်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          GlaxoSmithKline

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          AA Medical

www.drmyanmar.com