Flixotide
(1) ဆေးအမည်
Flixotide
(2) ပါ၀င်သောဆေးအမျိုးအစား
ရှူ ဆေးဘူးတစ်ဘူးတွင် Fluticasone Propionate, Soya lecithin, dichlorodifluoromethane နှင့် trichlorofluoromethane တို့ ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
ပန်းနာရင်ကြပ်ရောဂါ၊ စတီးရွိုက်ဆေးဝါးများကို မသုံးစွဲလိုသော နာတာရှည်ပန်းနာရင်ကြပ်ရောဂါရှိ သူများအတွက် သင့်လျော်သည်။
ကလေးများတွင်လည်း ပန်းနာရင်ကြပ်ရောဂါကိုကုသရန်နှင့် ကာကွယ်ရန်အတွက်အသုံးပြုနိုင်ပါသည်။ ထို့ပြင် နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ဆို့သော ရောဂါများတွင် လေပြွန်ကျယ်စေသည့် သောက်ဆေးများနှင့် တွဲ၍ သုံးနိုင်သည်။
(4) အသုံးပြုပုံ
စတီးရွိုက်ပါသောရှူဆေးကို မသုံးစွဲဘူးသောသူများတွင် နှစ်ဆယ့်လေးနာရီအတွင်း အာနိသင်ပြသော်လည်း အထိရောက်ဆုံးအာနိသင်ပြရန် အချိန် ၄ ရက်မှ ၇ ရက်လိုအပ်ပါသည်။
၁၆နှစ်အထက်နှင့်လူကြီးများ - 100မှ 1000mcg တစ်နေ့ ၂ ကြိမ်
မပြင်းထန်သော ပန်းနာရင်ကြပ်ရောဂါ - 100 to 250mcg တစ်နေ့ ၂ ကြိမ်
အတန်အသင့်ပြင်းထန်သော ပန်းနာရင်ကြပ်ရောဂါ - 250-500mcg တစ်နေ့ ၂ ကြိမ်
အလွန်အမင်းပြင်းထန်သောပန်းနာရင်ကြပ်ရောဂါ - 500-1000mcg တစ်နေ့ ၂ ကြိမ်
၄ နှစ်နှင့် ၄ နှစ်အထက်ကလေးများတွင် - 50mcg မှ 200mcg တစ်နေ့ ၂ ကြိမ်
ကလေးအများစုတွင် 50mcg မှ 100mcg တစ်နေ့ ၂ ကြိမ်သုံးစွဲရန်လိုအပ်ပါသော်လည်း မသက်သာပါက 200mcg တစ်နေ့ ၂ ကြိမ်ထိတိုး၍ သုံးစွဲနိုင်ပါသည်။
ကလေးများတွင် ရောဂါ၏ပြင်းထန်မှုအဆင့်နှင့်သင့်တော်သော ပမာဏကိုသာချိန်ဆ၍ ပေးရမည်ဖြစ်ပြီး ရောဂါ လက္ခဏာကို ထိန်းချုပ်နိုင်သည်အထိ ဆေးပမာဏကို ထိန်းညှိပေးရမည်။ အသက်တစ်နှစ်မှ လေးနှစ်ကလေးများတွင် 100mcg တစ်နေ့ ၂ ကြိမ်သုံးစွဲရမည်။
နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ဆို့သောရောဂါတွင် 500mcg တစ်နေ့ ၂ ကြိမ် လေပြွန်ကျယ်စေ သည့် သောက်ဆေးများနှင့်တွဲ၍ သုံးရမည်။ ထိရောက်သောအာနိသင်ရရှိရန် 3 လမှ 6 လ အထိ သုံးစွဲရမည်။
အသက်ကြီးသူများ၊ အသည်းနှင့်ကျောက်ကပ်မကောင်းသူများတွင် ဆေးပမာဏကို ချိန်ညှိရန်မလိုပေ။
(5) ဘေးထွက်ဆိုးကျိုး
ခံတွင်းနှင့်အာခေါင်အတွင်းတွင် မက်ခရုပေါက်ခြင်း၊ နာတာရှည် အသက်ရှူ လမ်းကြောင်း ပိတ်သောရောဂါေ၀ဒနာရှင်များတွင် အဆုတ်ရောင် ရောဂါခံစားရခြင်း၊ အသက်ရှူ မ၀ခြင်း၊ သွေးကြောရောင် ရမ်းခြင်း၊ ပြင်းထန်သောဓာတ်မတည့်မှုဖြစ် ခြင်း၊ ရေတိမ်ဖြစ်ခြင်း၊ သွေးထဲတွင်သကြားဓာတ်များခြင်း၊ ကြီးထွားမှုနှောင့်နှေးခြင်း၊ အရိုးတွင်းရှိ သတၳုဓာတ်လျော့နည်းခြင်း၊ သွေးတိုးခြင်း၊ အ၀လွန်ခြင်းတို့ကို ခံစားရသော cushing syndrome၊ အသံသြလာခြင်း၊ စိုးရိမ်မှုလွန်ကဲခြင်းနှင့် အပြုအမူများပြောင်းလဲလာခြင်း၊ ကျောက်ကပ်ပေါ်ရှိ adrenal ဂလန်းများ၏ လုပ်ဆောင်ချက်များကို ထိခိုက်စေသောကြောင့် ကလေးများတွင် ကြီးထွားမှုနှုန်း ကို နှောင့်နှေးစေခြင်းတို့ဖြစ်သည်။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
တီဘီရောဂါသည်များတွင် သတိပြု၍သုံးစွဲရန်။
ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင်ချိန်ဆ၍အသုံးပြုရန်။
ရှုဆေးကို ပမာဏများများသုံးစွဲလာရခြင်းသည် ပန်းနာရင်ကြပ်ရောဂါ ပိုမိုဆိုးဝါးလာသည် ကို ထောက်ပြနေသောကြောင့် ထိုလူနာများ၏ ကုသမှုကိုပြန်လည်ဆန်းစစ်သင့်ပါသည်။ ပန်းနာရင်ကြပ်ရောဂါ ပိုမိုဆိုးဝါးလာခြင်းသည် အသက်ဆုံးရှုံးမှုကို ဖြစ်စေနိုင်သဖြင့် ထိုကဲ့သို့လူနာများတွင် စတီးရွိုက်ပမာဏကို တိုး၍ပေးရမည်။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
Fluticasone propionate နှင့် Ritonavir ကို တွဲသုံးပါက သွေးတိုးခြင်း၊ အ၀လွန်ခြင်းတိုကို ခံစားရသော Cushing’s syndrome နှင့် ကျောက်ကပ်ပေါ်ရှိ adrenal ဂလန်းများမှထွက်ရှိသော ဟော်မုန်းများ အထွက်နည်းသွားနိုင်သောကြောင့် တွဲမသုံးသင့်ပေ။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Glaxosmithkline
(9) တင်သွင်းသည့်ကုမ္ပဏီ
AA Medial
သုံးစွဲရာတွင်သတိပြုရမည့်အချက်များ
ဆေးဘူးအသစ်အားပထမဆုံးအကြိမ်အသုံးမပြုမီ(သို့) မသုံးဖြစ်သည်မှာတစ်ပတ်ခန့်ကြာပြီဖြစ်သော ဆေးဘူး အားအသုံးမပြုမီတွင် အဖုံး၏ဘေးနှစ်ဘက်ကို ညင်သာစွာညှစ်ပြီး mouthpiece ကို ဖယ်ရှားပါ။ ရှူ ဆေးဘူး အား ကောင်းစွာလှုပ်ခါပါ။ ထို့နောက် ရှူ ဆေးကို လေထဲသို့ ညှစ်ထုတ်ပါ။
ရှူ ဆေးအား ပုံမှန်အတိုင်းအသုံးပြုပုံ
၁။ အဖုံး၏ ဘေးနှစ်ဘက်ကိုညှင်သာစွာညှစ်ပြီး mouth piece ကိုဖယ်ရှားပါ။
၂။ Mouth piece အပါအ၀င် ရှူ ဆေးဘူး၏အတွင်းအပြင်ကို စစ်ဆေးပါ။
၃။ ပါ၀င်သောပစ္စည်းများ ရောနှောမှုရှိစေရန် ကောင်းစွာလှုပ်ပါ။
၄။ ရှူ ဆေးဘူးကို လက်မကိုအောက်ခံထားပြီး လက်မနှင့်လက်ညှိုးကြားတွင် ထောင်လျက်ထားပါ။
၅။ သက်သက်သာသာအသက်ရှူ ထုတ်ပါ။ ထို့နောက် mouth piece ကို သွားကြားတွင်ထားပါ။
၆။ အသက်ကို ဖြည်းဖြည်းမှန်မှန်ဖြင့်၀အောင်ရှူ ပါ။ အသက်ရှူ နေစဉ်မှာပင် ရှူ ဆေးဘူး၏ထိပ်ကို လက်ချောင်းများဖြင့်ဖိ၍ ရှူ ဆေးများကိုရှူ သွင်းပါ။
၇။ နောက်ထပ်ရှူ သွင်းရန်အတွက် ရှူ ဆေးဘူးကိုထောင်လျက်ထားပြီး မိနစ်၀က်ထပ်စောင့်ပါ။
၈။ ထို့နောက် ပါးစပ်ကိုရေဖြင့် ပလုတ်ကျင်းပါ။
၉။ Mouthpiece ကို နေရာကျအောင်ပြန်လည်တပ်ဆင်ပါ။
သတိပြုရန်မှာ ရှူ ဆေးအသုံးမပြုမီအသက်ကိုဖြည်းညှင်းစွာရှူ သွင်းရန်ဖြစ်သည်။ လက်ချောင်းအားနည်းသောသူများတွင် လက်နှစ်ဘက်စလုံးအသုံးပြုနိုင်သည်။
ရှူ ဆေးဘူးအား ဆေးကြောပုံ
တစ်ပတ်တစ်ခါဆေးကြောသင့်ပါသည်။ Mouthpiece အဖုံးကိုဖယ်ရှားပါ။ ပလပ်စတစ်အဖုံးထဲမှ ရှူ ဆေးထည့်ထားသောဘူးကို မဖယ်ရှားပါနှင့်။ Mouthpiece ၏ အတွင်းနှင့်အပြင်ကို ခြောက်သွေ့သော အ၀တ်ဖြင့်သုတ်ပါ။ Mouthpiece အဖုံးကိုပြန်ဖုံးပါ။ သတၳုရှူ ဆေးဘူးကို ရေထဲသို့မထည့်ပါနှင့်။





























