Ginkan
(1) ဆေးအမည်
Ginkan
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတစ်ပြားတွင် Ginkgo Biloa Extract 40mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
ဦးခေါင်းဒဏ်ရာရထားသူများ၊ ဦးနှောက်ခွဲစိတ်မှုပြုလုပ်ထားသူများ၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ Alzheimers disease (အယ်ဇိုင်းမားသတိမေ့ရောဂါ)၊ အေးသောအခါ လက်ချောင်းသွေးကြောများ ကျဉ်းသွားသဖြင့် နာကျင်ကိုက်ခဲမှုခံစားရသောရောဂါ (Raynaud’s Disease)၊ ခြေထောက်နှင့်လက် များရှိ သွေးလွှတ်ကြောငယ်များနှင့် သွေးပြန်ကြောငယ်များတွင် သွေးခဲပိတ်ဆို့ကာ ရောင်ရမ်းနေသောကြောင့် နာကျင်ကိုက်ခဲခြင်း (Buerger’s Disease)၊ ခေါင်းချာချာလည်မူးခြင်း၊ နားအူခြင်း၊ နားမကြားခြင်း၊ ဆီးချိုေ၀ဒနာရှင် များတွင်ဖြစ်လေ့ရှိသော မျက်စိမြင်လွှာပျက်စီးခြင်း။
(4) အသုံးပြုပုံ
ဆေးပြားတစ်ပြားတွင် ၂ကြိမ်မှ ၃ကြိမ် အစာနှင့်အတူသောက်ရန် သို့မဟုတ် ဆရာ၀န်ညွှန်ကြားချက် အတိုင်းသောက်ရန်။
(5) ဘေးထွက်ဆိုးကျိုး
ခေါင်းကိုက်ခြင်း၊ အရေပြားပေါ်တွင် အနီကွက်များပေါ်ခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်း ဆိုင်ရာပြဿ နာများ။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ဓာတ်မတည့်သူများ၊ ဦးနှောက်တွင်းရှိ သွေးဖိအားမြင့်တက်နေသောသူများအသုံးမပြုရ။
ကိုယ်၀န်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ၊ ကလေးများတွင် အသုံးမပြုရ။
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
Ampharco USA
(8) တင်သွင်းသည့်ကုမ္ပဏီ
DKSH