Kremil-S / Kremil-S Reformulated
(1) ဆေးအမည်
Kremil-S / Kremil-S Reformulated
(2) ပါ၀င်သောဆေးအမျိုးအစား
Kremil-S
- Aluminium hydroxide Magnesium hydroxide 325 mg
- Dimethylpolysiloxane 10 mg
- Dicyclomine HCl 2.5 mg
Kremil-S Reformulated
- Aluminium hydroxide 178 mg
- Magnesium hydroxide 233 mg
- Simethicone 30 mg
(3) ကုသနိုင်သောရောဂါများ
အစာအိမ်အနာ၊ အူသိမ်ဦးပိုင်းအနာ၊ အစာရေမျိုပြွန်/ အူသိမ်ဦးပိုင်း/ အူမကြီးရောင်ရမ်းခြင်း၊ အစာမကြေလေနာခြင်း၊ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း၊ အစာအိမ်မှအက်ဆစ်အထွက်များခြင်း၊ အရက်အဆိပ်သင့််ခြင်း၊ ခွဲစိတ်ပြီးနောက် ဗိုက်အောင့်ခြင်း။
(4) အသုံးပြုပုံ
ဝါးစားနိုင်သလို ရေဖြင့်သောက်၍လည်းရသည်။
အစာအိမ်အနာ၊ အူသိမ်ဦးပိုင်းအနာ - တစ်ခါသောက် ၂-၄ ပြား၊ တစ်နေ့ ၆ ကြိမ်ထိသောက်သုံးနိုင်ပါတယ်။
အစာမကြေလေနာခြင်း၊ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း - တစ်ခါသောက် ၁-၂ ပြားကို အစာစားပြီးသောက်ပါ။
(5) ဘေးထွက်ဆိုးကျိုး
အာခေါင်ခြောက်ခြင်း၊ ခေါင်းမူးခြင်း၊ အမြင်အာရုံေ၀ဝါးခြင်း၊ နုံးခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဆီးသွားရခက်ခြင်း၊ ဆီးသွားလျှင်နာခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ကျောက်ကပ်ရောဂါရှိသူ၊ နှလုံးသွေးကြောဆိုင်ရာရောဂါရှိသူ၊ ဆီးကျိတ်ကြီးရောဂါရှိသူများတွင် သတိထားအသုံးပြုသင့်ပါသည်။
အူသိမ်လမ်းကြောင်းပိတ်ဆို့ခြင်း၊ အစာအိမ်ထွက်ပေါက် ကျဉ်းနေခြင်းနှင့် မျက်စိရေတိမ်ရောဂါ အမျိုးအစားအချို့တွင် လုံး၀အသုံးမပြုရပါ။
(7) အခြားဆေးများနှင့်ဓါတ်ပြုမှု
ပဋိဇီ၀ဆေး Tetracycline အသုံးပြုနေရသူများတွင် သတိထားအသုံးပြုသင့်ပါသည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
United Pharma
(9) တင်သွင်းသည့်ကုမ္ပဏီ
Success & Success