/
news/အသုံးများဆေးဝါးများ/lamitec

Lamitec

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Lamitec

(1) ဆေးအမည်

          Lamitec

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတစ်ပြားတွင် Lamivudine 100 mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

        HIV ရောဂါပိုးကုသရန်နှင့်ကာကွယ်ရန်၊ အသည်းရောင်အသားဝါဘီပိုးကုသရန်

 

(4) အသုံးပြုပုံ

အသားရောင်အသားဝါရောဂါ

လူကြီး - တစ်နေ့လျှင် 100mg။ ကျောက်ကပ်အခြေအနေပေါ်မူတည်ပြီး ဆေးဝါးပမာဏချိန်ဆရမည်။

ကလေး - ကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် ဆေး 3 mg နှင့် တွက်ပြီးပေးရမည်။ ကျောက်ကပ်ရောဂါရှိသူများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်း သောက်ရမည်။

 

HIV ရောဂါပိုးကူးစက်ခံရသူများ

        လူကြီးနှင့် ကိုယ်အလေးချိန် 50kg ထက်ကျော်သောလူငယ်များတွင် 150mg တစ်နေ့ 2 ကြိမ်နှုန်းဖြင့် Zidovudines နှင့်တွဲပြီး သောက်ရမည်။

        HIV ရောဂါပိုးရှိသူအသုံးပြုထားသောအပ် မိမိအားစူးမိခြင်းကြောင့် HIV ရောဂါပိုးကူးစက်ခံရခြင်း မှကာကွယ်ရန် lamivudine 150 mg တစ်နေ့  ၂ ကြိမ် + zidovudine 200 mg တစ်နေ့ ၃ ကြိမ် + Indinavir 800mg (သို့) nelfinavir 750 mg တစ်နေ့ ၃ ကြိမ်ကို အပ်စူးပြီး ၂ နာရီအတွင်း  စတင်သောက်ရမည်ဖြစ်ပြီး 4 ပတ်ဆက်တိုက်သောက်ရမည်။

 

(5) ဘေးထွက်ဆိုးကျိုး

        ပျို့အန်ခြင်း၊ ပါးစပ်ပျက်ခြင်း၊ ၀မ်းလျှောခြင်း၊ အသည်းအင်ဇိုင်းပမာဏတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းမူးခြင်း၊ ချမ်းတုန်ဖျားခြင်း၊ အာရုံကြောအားနည်းခြင်း၊ ချောင်းဆိုးခြင်း၊ အသည်းကြီးခြင်း၊ အသည်းရောင်အသားဝါ ဘီပိုးရောဂါပိုဆိုးလာခြင်း၊ သရက်ရွက်ရောင်ခြင်း၊ သွေးအားနည်းခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        ကလေးများနှင့် အသည်းမကောင်းသောသူများတွင် ချိန်ဆ၍သုံးစွဲရန်။

 

(7) အခြားဆေးများနှင့်ဓါတ်ပြုမှု

        Lamividine နှင့် Zalcitabine တွဲမသုံးရ။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

        Zifam India/Zifam Pinnacle

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          Pyrex

www.drmyanmar.com